အခုဆိုရင် ကိုယ်ဝန်က ၂၃ ပတ်ဖြစ်နေပါပြီတဲ့။

နန်းမြတ်ဖြိုးသင်းက သားလေးနဲ့ ပတ်သက်ပြီး အမြဲတမ်းအလိုလို အမှတ်တရတွေကို မှတ်တမ်းတင်ချင်သူပါတဲ့. အခုဆိုရင်လည်း သူမရဲ့ ကိုယ်ဝန်က ၂၃ ပတ် ဖြစ်နေပြီလို့ ဆိုပါတယ်.

Photo: နန်းမြတ်ဖြိုးသင်း



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ကိုယ်ဝန်ဟာ အခုဆိုရင် ၂၃ ပတ် ရှိပြီလို့ ဆိုပါတယ်. သူမက ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်လို့ ကလေး လေးနဲ့ ပတ်သက်ပြီး အမြဲတမ်း အမှတ်တရ ဖြစ်စေချင်တဲ့ စိတ်သဘောထားကိုလည်း အခုလို ရင်ဖွင့်ပြောပြထားပါတယ်.

''သားသားနဲ့ ပတ်သက်တဲ့ အသေးအမွှားလေးကအစ မှတ်တမ်းတင်ချင်တာ'' ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ငပလီကို ရောက်ရှိနေတဲ့ သူမရဲ့ ဓာတ်ပုံကိုလည်း ဗိုက်ကလေးဖော်ရင်း 23 week ဆိုတဲ့ စာသားလေး ရေးပြီး တင်ခဲ့တာကို တွေ့ရပါတယ်.

Photo: နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးကို လွယ်ထားရတာ အခုဆိုရင် ၆လကျော်၊ ၇ လထဲကို ရောက်နေပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရချိန်မှာ ဖြစ်တတ်တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အခုလို ဖွင့်ဟပြောလာပါတယ်။

''ဗိုက်ကြီးမှ စိတ်ကလည်းနုလိုက်တာ။ ရုပ်ရှင်ကြည့်ရင်လည်း နည်းနည်းဝမ်းနည်းစရာပါတာနဲ့ ငိုလိုက်တာဝက်ဝက်ကွဲ(နှပ်တွေပါထွက်လို့) အပြင် သွားရင်းလမ်းမှာ စိတ်မကောင်းစရာတခုကြုံရင်လည်း မျက်ရည်ကထွက်လာရော။ ယောက်ျားကိုလဲစိတ်ကောက်လိုက်ရတာမော။ အရင်ကနဲ့မတူ နောက်တစ်ယောက်လိုပါပဲလား'' ဆိုပြီးတော့သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်.

Photo: နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေးက သားလေးဖြစ်တာကြောင့် လည်း ဇနီးမောင်နှံ နှစ်ယောက်စလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ရပ်နားထားပြီး ဖိတ်ကြားထားတဲ့ ပွဲတွေလောက်သာ တက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကလည်း နန်းမြတ်ရဲ့ သားလေးကို အရမ်းတွေ့ချင်နေပါပြီတဲ့။

Photo: နန်းမြတ်ဖြိုးသင်း

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကျေးှဇူးတင်စကား ပြောထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က