Photo - Myanmar Water Portal
ရာသီဥတုပူပြင်းခြောက်သွေ့ပြီး ရေသုံးစွဲမှု များပြားလာခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအားလျော့နည်းကျဆင်းမှုများ လတ်တလော ဖြစ်ပေါ်လျက်ရှိတာကြောင့် ရေချွေတာစုဆောင်း အသုံးပြုနိုင်ကြဖို့ဆိုပြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
Photo - Maung Maung Soe - Yangon Mayor
ရန်ကုန်မြို့တော်ကို သောက်သုံးရေ စဉ်ဆက်မပြတ်ပေးဝေဖို့အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နဲ့ ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်တွေနဲ့ လည်ပတ်မောင်းနှင်ပေးဝေရတာ ဖြစ်ပါတယ်။
Photo - Maung Maung Soe - Yangon Mayor
ရေတွန်းစက်ကြီးတွေနဲ့ ရေတွန်းနေရသလို မြို့နယ်အလိုက် ထပ်ဆင့် ရေတွန်းရုံတွေကလည်း ရေတွန်းပေးနေတယ်လို့ဆိုပါတယ်။ ရေလိုအပ်ချက်ရှိရင်တော့ အရှေ့ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်ရုံး အတွက် ဖုန်း ၀၉၅၀၅၄၅၆၅ နဲ့ မြောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၃၈၃၅၂၇၅ ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။