သရုပ်ဆောင်အကယ်ဒမီ မင်းဦးတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မင်းဦးရဲ့ ဖခင်ဖြစ်သူ အသက် ၈၄ နှစ် ပြည့်မွေးနေ့ နဲ့ ဖားအောက်ဆရာတော်ဘုရားကြီး သက်တော် ၈၄ နှစ်ပြည့် တို့ရဲ့ မွေးနေ့အလှူကို ဇွန်လ ၂၆ ရက်နေ့ ဒီနေ့မနက်မှာပဲ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
'' ဒီနေ့ထူးခြားစွာပဲ ဖားအောက်ဆရာတော်ဘုရား ကြီးသက်တော် ၈၄နှစ်ပြည့် မွေးနေ့ နှင့် ကျွန်တော့အဖေ အသက် ၈၄နှစ်ပြည့်မွေးနေ့ အတွက် ကောင်းမှုကုသိုလ်များပြု့ခဲ့ပါတယ် အားလုံးဘဲအမျှရကြပါစေဗျာ။ ဆရာတော်ဘုရားကြီးနင့်အဖေ အသက်ရာကျော်ရှည်ပါစေ'' ဆိုပြီးတော့ ဇွန်လ ၂၆ ရက် နေ့လယ် ၁၁နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
ဇနီးဖြစ်သူက အများကြီးပိုချစ်တယ်လို့ ဆိုလာတဲ့ မင်းဦး
အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်မင်းဦးဟာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ထားတဲ့ ဇာတ်ကားတွေကိုလည်း ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပါတယ်။ အနုပညာအလုပ်တွေ လက်မလည်အောင်ဆောင်ရွက်နေရတဲ့ မင်းဦးကို ဇနီးဖြစ်သူ မခိုင်ဝေလွင်က အစစအရာရာ နားလည်ပေးမှုရှိတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာတော့ ဇနီးဖြစ်သူ မခိုင်ဝေလွင်က ပိုပြီးတော့ အချစ်ပိုတယ်လို့ Duwun Media ရဲ့ အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
မင်းဦးနဲ့ ခိုင်ဝေလွင်တို့ဟာ ချစ်သူသက်တမ်း ၁၁ နှစ်ကျော်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက လက်ထပ်ခဲ့တဲ့ သူတို့နှစ်ဦးက မိသားစုဘဝလေးတည်ဆောက်ချင်ပြီဖြစ်ပေမဲ့ အခုထိတော့ သားသမီး မထွန်းကားသေးပါဘူး။