စိတ်တူ ကိုယ်တူ။

စိုင်းစိုင်းခမ်းလှိုင်က သူနဲ့ ဖွေးဖွေး တို့ရဲ့ ဆက်ဆံရေးအကြောင်းတွေ ပြောပြလာပါတယ်. မကြာခင်မှာလည်း သူတို့ နှစ်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပါ

စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေးတို့ရဲ့ ပရိသတ်တွေကတော့ မကြာခင် ရုံတင်ပြသတော့မယ့် '' ရည်းစားတစ်ဝမ်းကွဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် စိတ်လှုပ်ရှားလို့နေပါတယ်. စိုင်းစိုင်းကလည်း ဖွေးဖွေးနဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်.



'' ဖွေးဖွေးနဲ့ ကျွန်တော် နဲ့က အရင်တုန်းက Music Video တွေရိုက်တယ်. ကြော်ငြာတွေ အများကြီးရိုက်ခဲ့ဖူးတယ်. လက်ရှိမှာလည်း ကျွန်တော်နဲ့ သူနဲ့ က Samsung Brand Ambassador အဖြစ် အတူတူတွဲပြီးတော့ လုပ်ကိုုင်နေတယ်. အပြင်မှာလည်း ကျွန်တော်တို့ ပေါင်းဖြစ်တယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ စိတ်တူကိုယ်တူ သရုပ်ဆောင်လို့ရတယ်'' လို့ ဆိုပါတယ်.

စိုင်းစိုင်းဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့က Junction City မှာ ပြုလုပ်ခဲ့တဲ့ ''ရည်းစား တစ်ဝမ်းကွဲ '' ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာခဲ့ပါတယ်. လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်လို့လည်း စိတ်ခံစားမှုတွေက ပြောင်းလဲသွားတဲ့ အကြောင်း ပြောပြလာပါတယ်.

'' ငယ်မူငယ်သွေး အပြည့်နဲ့ ငယ်လည်း တော်တော်ငယ်လေးတယ်. လတ်လတ်ဆတ်ဆတ်ပေါ့ပေါ့ပါးပါးလေး ခံစားရပါတယ်. ဖြစ်နိုင်ရင် အဲ့ဒီအရွယ်လေးမှာပဲ ခဏရပ်ပြီးတော့ နေချင်တာ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ''ရည်းစား တစ်ဝမ်းကွဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသ ပွဲမှာ ဖြေဆိုခဲ့တာပါ.

'' ရည်းစားတစ်ဝမ်းကွဲ'' ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တဲ့အတွက် လာရောက် ကြည့်ရှုကြတဲ့ ပရိသတ်တွေ အတွက်ကိုလည်း အထူးအစီအစဉ်လေး လုပ်ပေးထားတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်

'' ၂၂ ရက်နေ့မှာ Myanmar Music Wave ဆိုပြီးတော့ စတိတ်ရှိုးရှိသေးတယ်. တိုက်တိုက်ဆိုင်ဆိုင် ၂၁ ရက်နေ့မှာ ကျွန်တော့်ကား ရုံတင်မှာဆိုတော့ ၂၁ ရက်နေ့မှာ ဇာတ်ကားလာကြည့်တဲ့ ပရိသတ်တွေကို Show ပွဲလက်မှတ် မဲဖောက်ပေးမယ်လို့ စိတ်ကူးထားတယ်'' လို သူကဆိုပါတယ်.

ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကားကို  HEART & SOUL နဲ့ FRENZO Production တို့က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်ထားတာပါ. ဒီဇာတ်ကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်.

Share

Loading Next Article...
က္က