ကြာတော့သည်လည်း မောင့်စကားကို သွားကြည့်ခဲ့တယ်တဲ့။

ဒါရိုက်တာ စင်ရော်မောင်မောင်က “ကြာတော့သည်လည်းမောင့်စကား” ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ပြီးနောက် ဖွေးဖွေးနဲ့ ထွန်းထွန်းကို ချီးကျူးစကားဆိုခဲ့ပါတယ်။ နံပါတ်တစ် အကြိုက်ဆုံးကတော့ ဒါရိုက်တာ မီးပွားပါတဲ့။

Photo : စင်ရော်မောင်မောင်



ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က “ကြာတော့သည်လည်းမောင့်စကား”ကို သွားကြည့်ပြီးနောက်ပိုင်း မြစ်တို့၏မာယာဇာတ်ကားရဲ့ ခံစားမှုကို ပြန်ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ထို့နောက် ယင်းဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ချီးကျူးစကားဆိုထားသလို အဲ့ဒီဇာတ်ကားထဲကမှ အကြိုက်ဆုံး သရုပ်ဆောင်နှစ်ဦးကတော့ ထွန်းထွန်းနဲ့ဖွေးဖွေးတို့ ဖြစ်တယ်လို့ ပြောပါတယ်။

"ကြာတော့သည်လည်း မောင့်စကား သွားကြည့်တော့ မြစ်တို့၏ မာယာဇာတ်ကား ရဲ့ ခံစားမူကို ပြန်ရခဲ့တယ် ဗျာ ... ဂျူး၏ စူးရှထက်မြက်သောခံစားချက်အားလုံးကို သရုပ်ဆောင် ၃ ဦးလုံးရဲ့ မျက်နှာပေါ်မှာပေါ်လွင်အောင် ဒါရိုက်တာမီးပွါး ဆောင် ရွက်နိုင်ခဲ့တယ် နံပါတ် ၁ အကြိုက်ဆုံး ဒါရိုက်တာမီးပွါး၊ နံပါတ် ၂ အကြိုက်ဆုံးကတော့ ထွန်းထွန်းနဲ့ ဖွေးဖွေး.... ပွဲ ပြီးလို့ မီးတွေဖွင့်တာတောင် ခံစားနေရတုန်းပဲဗျာ စင်ရော်မောင်မောင်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၈) ရက်နေ့က ရေးသားထားတာပါ။

“မြစ်တို့၏မာယာ” ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာမီးပွား ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရဲအောင်၊ ရန်အောင်နဲ့ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ အဲ့ဒီရုပ်ရှင်ဇာတ်ကားဟာလည်း စာရေးဆရာမ ဂျူးရဲ့ဝတ္ထုပါပဲ

Photo : စင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာလက်ရှိမှာ ‘’တစ်ခါက ဆောင်း’’ ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယား အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။‘’Big 5 ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်ပြီး ဝတ္ထု ဇာတ်ညွှန်း မိုးနီလွင် ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော် မောင်မောင် ခံစားတင်ပြမည့် ''တစ်ခါက ဆောင်း" international ဇာတ်ကားကြီးအတွက် သရုပ်ဆောင်ရန် အဓိကသရုပ်ဆောင် ကိုရီးယားဇာတ်ရုပ်ဖက်မှ သရုပ်ဆောင်ရန်အတွက် မင်းသား မင်းသမီးကို အကြမ်းဖျင်း ကိုရီးယားနိုင်ငံ ဖူဆန်မြို့နှင့် ဆိုးလ်မြို့ တွင် ရွေးချယ်ရန်ရှိပါသည်’’လို့ သူကဆိုပါတယ်။

Photo : စင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်က"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က