အမှုကတစ်လနီးပါးကြာနေပြီဖြစ်ပါတယ်။

ဆေးစစ်ချက်အဖြေ မရရှိသေးလို့ တရားစွဲဖို့ ကြန့်ကြာနေတာဖြစ်ပြီး ယခုအခါ သက်သေခိုင်မာတဲ့ ဆေးစစ်ချက်အဖြေရပြီဖြစ်တာကြောင့် တရားခံကို တနင်္လာနေ့ (ဇူလိုင် ၁၅ ရက်) မှာ စွဲချက်တင်မှာဖြစ်တယ်လို့ ကလေးရဲ့ဖခင်ကပြောပါတယ်။

ဇွန်လ(၁၆)ရက်နေ့က မြောက်ဥက္ကာပမြို့နယ် ရွှေပေါက်ကံမှာဖြစ်ပွားခဲ့တဲ့ အသက်(၁)နှစ်နဲ့(၉)လအရွယ် မိန်းမငယ်လေး အဓမ္မပြုကျင့်ခံရတဲ့အမှုတရားခံကို တစ်လနီးပါးအကြာမှာ တရားစွဲဆိုခွင့်ရနိုင်ပြီဖြစ်တယ်လို့ ကလေးရဲ့ဖခင်ထံကနေ သိရပါတယ်။

“ကျွန်တော်တို့ တရားခံကို နောက်တစ်ပတ် တနင်္လာနေ့မှာ တရားစွဲဆိုချက်တင်မယ်။ အမှုက တစ်လနီးပါးကြာနေပြီ။ တရားစွဲဖို့အချိန်ကြာနေတာက ဆေးစစ်ချက်အဖြေ မရသေးလို့ကြာနေတာ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆေးစစ်ချက်အဖြေရလို့ အခုအကုန်ဆောင်ရွက်ပြီး တနင်္လာနေ့မှာ တရားစွဲမယ်။ ဆေးစစ်ချက်အဖြေကလည်း အကုန်သက်သေအခိုင်အမာရရှိတယ်” လို့ ဇူလိုင်လ(၁၂)ရက်နေ့မှာ ကလေးရဲ့ဖခင်က Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ ကလေးရဲ့ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြအနေကလည်း တိုးတက်ကောင်းမွန်လာပြီဖြစ်တယ်လို့ ကလေးရဲ့ဖခင်က ဆိုပါတယ်။ အမှုဖြစ်စဉ်မှာ ဇွန်လ(၁၆)ရက်နေ့ ညပိုင်းမှာ ကလေးရဲ့မိဘတွေက ဘုန်းကြီးကျောင်းမှအခန်းထဲမှာ ကလေးနဲ့အတူ သူ့ရဲ့အစ်ကိုကို သိပ်ထားခဲ့ပြီး ကျောင်းဝင်းထဲမှာ အလုပ်လုပ်နေကြပါတယ်။ ညည့်နက်ပိုင်းမှာ ကလေးတွေကိုသွားကြည့်တဲ့အခါ သမီးလေးက မရှိတော့ဘဲ ပျောက်ဆုံးနေခဲ့တာပါ။ သူတို့နေထိုင်တဲ့နေရာကို အမြဲဝင်ထွက်သွားလာနေတဲ့ ဘေးကပ်လျှက်ဘုန်းကြီးကျောင်းတိုက်မှ ကိုရင်ကြီးတစ်ပါးက သမီးလေးကိုခိုးယူသွားပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

ထိုဖြစ်ရပ်ကို တချို့သတင်းတွေမှာ တရားခံက ကလေးကိုလာခေါ်ရာ မိဘတွေက ထည့်လိုက်တာလို့ ရေးသားမှုတွေရှိနေတာကြောင့် ကလေးဖခင်က စိတ်မကောင်းဖြစ်မိကြောင်းလည်း Duwun ကို ပြောကြားခဲ့ပါတယ်။

ဘယ်မိဘက ကိုယ့်သားသမီးကို တခြားယောကျာ်းတစ်ယောက်နဲ့ စိတ်ချလက်ချထည့်မှာလဲ။ ဒါကိုသတင်းတွေမှာ မိဘတွေက ကလေးကိုထည့်လိုက်တာလို့ ရေးကြတော့ တချို့က အဲဒီသတင်းရဲ့အောက်မှာ တော်တော်အသုံးမကျတဲ့ ဘတွေဆိုပြီးတောင် အပြောခံရတယ်။ သတင်းရေးမယ်ဆိုလည်း အကြောင်းအရာကိုသေချာသိမှ ရေးဖို့ကောင်းတယ်" လို့ ကလေးရဲ့ဖခင်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က