ပြည်မြို့မှ တက္ကသိုလ် ၃ ခု ပူးပေါင်းကျင်းပခဲ့တဲ့ ပထမအကြိမ် ကျောင်းသားပြပွဲ Student Exhibition 2018 ကို ပြည်မြို့ဗိုလ်ချုပ်လမ်း ၊ မြို့တော်ခန်းမမှာ ဇွန်လ ၂၂ ၊ ၂၃ နဲ့၂၄ သုံးရက်တိုင် ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
Photo: Student Exhibition 2018 - SRI KSETRA / Facebook page
သရေခေတ္တရာ Student Exhibition 2018 ပွဲမှာ ပြည်တက္ကသိုလ် ၊ ပြည်နည်းပညာတက္ကသိုလ်နဲ့ပြည်ကွန်ပျူတာ တက္ကသိုလ် သုံးခုမှ ပရောဂျက်ပေါင်း ၅၀ ကျော်ပါဝင် ပြသသွားခဲ့တာပါ။ ဒီပွဲမှာ ပညာရေးဆိုင်ရာ စကားဝိုင်းအစီအစဉ်များ ၊ ဖျော်ဖြေရေးနဲ့ဟောပြောရေးဆိုင်ရာ ကဏ္ဍများ ၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်စရာများအကြောင်း အပါအဝင် ဗဟုသုတရဖွယ်များစွာလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။
ပြပွဲ နောက်ဆုံးနေ့မှာတော့ Student Exhibition 2018 ပွဲမှ ပရောဂျက်များကို ဆုပေးရာမှာ ပထမနဲ့ဒုတိယဆုများကို ပြည်နည်းပညာတက္ကသိုလ်မှ ရရှိသွားပြီး တတိယဆုကိုတော့ ပြည်ကွန်ပျူတာ တက္ကသိုလ်က ရရှိသွားခဲ့ပါတယ်။ ပထမဆုကိုတော့ Better life for residence ခေါင်းစဉ်နဲ့System ၉ ခုနဲ့ တည်ဆောက်ထားတဲ့ စမတ်အိမ်ပရောဂျက် ၊ ဒုတိယဆုအဖြစ် အနိမ့်အမြင့်နေရာမရွေး သွားလာနိုင်မယ့် suspension system for multipurpose vehicle ပရောဂျက်နဲ့တတိယဆု စာပေဖန်တီးမှုဆိုင်ရာ အက်ပ်တစ်ခုဖြစ်တဲ့ Paper တို့က ရရှိခဲ့တာပါ။
Photo: Student Exhibition 2018 - SRI KSETRA / Facebook page
Student Exhibition 2018 - SRI KSETRA ပြပွဲမှာ စက်ရုပ်လုံခြုံရေးနည်းပညာ ၊ စမတ်အိမ်လုံခြုံရေးစနစ် ၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ပြောင်းနိုင်တဲ့ စနစ်များ ပြသသွားခဲ့ပါတယ်။