ဖွေးဖွေးက သူ မအောင်မြင်ခင်ကတည်းက ငါ့မြေးက မင်းသမီးဆိုပြီးလူပုံအလယ်မှာလိုက်ကြွားတတ်တဲ့ အဘိုးကို လွမ်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အခုချိန်မှာတော့ ဖွေးက အောင်မြင်တဲ့ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်လို့နေပါပြီ။
Photo: Phway Phway
ဖွေးဖွေးကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကို အဘိုးဖြစ်သူ ကိုကြည့်စေချင်တယ်လို့ဆိုပါတယ်။ သူ့ဘဝမှာ အနုပညာအလုပ်တွေ စလုပ်ကတည်းက အဘိုးဖြစ်သူကပဲ ခိုင်ခိုင်မာမာ အားပေးခဲ့တာလို့ ပြောပါတယ်။
Photo: Amazing Grace
ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယော က်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ် ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
Photo: Phway Phway
ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။