ဒါဆိုရင် ၄ ဆုရှိပါပြီ။

ပြေတီဦးတစ်ယောက် ဂေါက်ရိုက်ပြိုင်ပွဲမှာ ဆုရရှိခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူဟာ အနုပညာမှာသာမက အားကစားမှာလည်း ထူးချွန်သူတစ်ယောက်ပါ။


Photo: ပြေတီဦး



ပြေတီဦးကတော့ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဆုရခဲ့လို့ ပီတိတွေဖြစ်လို့နေပါတယ်။ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဒီဆုကတော့ စတုတ္ထအကြိမ်မြောက်ရရှိခဲ့တဲ့ ဆုဖြစ်ပါတယ်။

‘’နောက်တစ်ဆု ထပ်ရပြန်ပြီတို့ ဘာတို့ ..’’ ဆိုပြီးတော့ မေလ ၉ ရက်နေ့နေ့လယ် ၁ နာရီ ၅၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ရရှိတဲ့ဆုနဲ့ အောင်ပွဲခံနေတဲ့ သူ့ရဲ့ အပြုံးကိုလည်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ ပြေတီဦးနဲ့ ဂေါက်ရိုက်ဖော်ရိုက်ဖက် Aung Chan Nyein ဆိုတဲ့ Facebook Acc ပိုင်ရှင်ကတော့ ‘’ ဦးဦးနဲ့ Level ရိုက်ဖို့တောင် မလွယ်တော့ဘူးနော်’’ လို့ Comment ပေးထားတာ တွေ့ရပါတယ်။



Photo: ပြေတီဦး

ပြေတီဦးဟာ မြိတ် ဂေါက်သီးရိုက်ပြိုင်ပွဲ(ရန်ကုန်) မှာလည်း Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သုံးရာသီ မိတ်ဆွေများ ဂေါက်သီးရိုက်ပြိုင်ပွဲမှာလည်း ဒုတိယအကြိမ်မြောက် ဆုရရှိခဲ့ပါသေးတယ်။ Mergui Golfer’s Association ၃၁ ကြိမ်မြောက် ဂေါက်ရိုက်ပြိုင်ပွဲမှာလည်း ဆုရရှိခဲ့ပြန်ပါတယ်။ ပြေတီဦးဟာ ဂေါက်ရိုက်တဲ့ အားကစားကို လေ့လာခဲ့တာ ၁ နှစ်ကျော်သာ ရှိပါသေးတယ်။ ဒါပေမယ့် သင်ယူရလွယ်ကူတဲ့ ပါရမီအရင်းခံတို့ကြောင့် ဆုတွေရရှိခဲ့တာဖြစ်ပါတယ်။

Photo: ပြေတီဦး

အကယ်ဒမီပြေတီဦးက ကျောင်းသားဘဝတုန်းက တင်းနစ်ချန်ပီယံတစ်ယောက် ဖြစ်ပေမယ့် ဂေါက်ရိုက်အားကစားကိုလည်း ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်ပါသေးတယ်။ သူဟာ အားကစားဘက်မှာလည်း ထူးချွန်သလို ပညာရေးအပိုင်းမှာရော၊ အနုပညာအပိုင်းမှာပါ ဘက်စုံထူးချွန်သူ တစ်ဦးပါ။


Photo: ပြေတီဦး

အကယ်ဒမီပြေတီဦးဟာအနုပညာနဲ့ ပတ်သက်ပြီး အကယ်ဒမီဆုတွေလည်း ပိုင်ဆိုင်ထားသလို အနုပညာလုပ်ငန်းကနေရရှိလာတဲ့ ငွေကြေး နဲ့ တည်ထောင်ခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်းကြီးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ ပြေတီဦးဟာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူး နေရသလို ပရဟိတအလုပ်တွေလည်းလုပ်ရင်း မိသားစုကိုပါ အချိန်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က