တန်ဖိုးကြီး နာရီတစ်လုံး လက်ဆောင်ပေးခဲ့တာပါ။

ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအတွက် နေခြည်ဦးကို ဖခင်ဖြစ်သူက ဂုဏ်ပြုလက်ဆောင်ပေးခဲ့ပါတယ်.တန်ဖိုးကြီး နာရီတစ်လုံးကို လက်ဆောင်ပေးခဲ့တာပါ.

Photo : နေခြည်ဦး FB



နေခြည်ဦးက ဖခင်ပေးလိုက်တဲ့ ဂုဏ်ပြုလက်ဆောင်ကြောင့်ပျော်လို့နေပါတယ်။ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအတွက် Hublot နာရီ တစ်လုံးဖခင်က ဆုချခဲ့တာပါ။

ဖခင်ဆုချတဲ့နာရီကလည်း အမေရိကန်ဒေါ်လာ (၇၀၀၀)ကျော် တန်ဖိုးရှိတယ်လို့ လည်းသိရပါတယ်။ သူမကတော့ နာရီရလိုု့ ဝမ်းသာတာထက် ရန်သူဇာတ်ကားအတွက် ဂုဏ်ပြုလက်ဆောင် ဆိုတဲ့ စကားက ပိုတန်ဖိုးရှိပါတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

Photo : နေခြည်ဦး FB

နာရီရလို့ ဝမ်းသာတာထက် ပထမဦးဆုံး ရုပ်ရှင်ကား ရန်သူအတွက် ဂုဏ်ပြုလက်ဆောင်ပါ ဆိုတဲ့စကားကပိုတန်ဖိုးရှိပါတယ် ဖေကြီးရယ်။ သမီး အရမ်းးကြိုက်တယ်။ I love you so so so so much” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၀) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

Photo : နေခြည်ဦး FB

ဖခင်ဆုချတဲ့ နာရီလေးကို ဝတ်ပြီး နေခြည်တစ်ယောက် ပျော်မဆုံးဖြစ်နေတာပါ။ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိနေလိုသလို ယခုလက်ရှိ ရုံတင်ပြသနေတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း သူမအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိနေတာ တွေ့ရပါတယ်။ နောက်ထပ်လည်း “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အောက်ဖဲမလှန်ကြေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


Photo : နေခြည်ဦး FB

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က