ဆူးလေအနီးတဝိုက်နဲ့ ရွှေတိဂုံဘုရားအပြင် အထင်ကရနေရာတွေမှာ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးမှာဖြစ်ပါတယ်။

ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker 2 ဇာတ်ဝင်ခန်းတွေကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားအရှေ့မှာ ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးနေတာဖြစ်ပြီး မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို Shaw Brothers Pictures ရုပ်ရှင်ကုမ္ပဏီကနေ မြန်မာနိုင်ငံရဲ့ အထင်ကရနဲ့ အထိမ်းအမှတ်နေရာတွေကို ထည့်သွင်းပြီး ရိုက်ကူးနေတာဖြစ်ပါတယ်။



ရိုက်ကူးမယ့်ရက်မတိုင် ခင်ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနကိုပါ လာရောက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့က ဒီလိုရိုက်ကူးတာကို ကောင်းတယ်လို့ပဲမြင်တယ်။ ဘာလို့ဆို ရန်ကုန်က မြင်ကွင်းတွေကို နိုင်ငံတကာပရိတ်သတ်ကြည့်မယ့်ကားမှာမြင်ရတယ်ဆိုရင် Tour ကို အထောက်အကူပြုမယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးနေရာကို အထူးပြုပြီးတော့ ခရီးသွားကို ဆွဲဆောင်ထားတဲ့ ကားတွေရှိတယ်။ Crazy Rich Asian တို့လို့ကားမျိုးဆိုရင် စကာၤပူက တော်တော်နာမည်ကြီးခဲ့တယ်။ ကိုရီးယားမှာဆိုရင်လည်း My Love from Another Star လိုကားမျိုးဆိုရင် အဲ့ဒီမင်းသမီး နေခဲ့တဲ့အခန်းကို လာကြည့်တဲ့ နိုင်ငံတကာပရိတ်သတ်တွေရှိတယ်။ ဒါကို လမ်းပိတ်လို့ အပြစ်တင်နေမယ့်အစား ကိုယ့်နိုင်ငံကို လူပိုသိအောင်လုပ်ပေးတာပဲဆိုပြီးတော့ တွေေးပေးရင်တော့ ကောင်းမှာပါ “ လို့ ရန်ကင်းမှာနေထိုင်တဲ့ ကိုကျော်မျိုးအောင်က ပြောပါတယ်။

ဒီဇာတ်ကားမှာ မြန်မာသရုပ်ဆောင်တွေဖြစ်ကြတဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့လည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ ဆူးလေအနီးတဝိုက်နဲ့ ရွှေတိဂုံဘုရားအပြင် အထင်ကရနေရာတွေမှာ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမယ့်အတွက် မြို့တွင်းက လမ်းအချို့ကို ခေတ္တပိတ်ထားတာဖြစ်ပြီးတော့ ဒီလို လမ်းပိတ်ဆို့ပြီး ဇာတ်ကားရိုက်ကူးတဲ့အပေါ်အွန်လိုင်းမှာပြည်သူအချို့က ဝေဖန်နေမှုတွေလည်း ရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က