အခြားသင့်တော်တဲ့ လမ်းတွေကနေ မောင်းနှင်သွားလာကြဖို့ အသိပေးနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဟောင်ကောင် ရုပ်ရှင်ဇာတ်ကား Line Walker -2 ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးမှာကြောင့် မြို့တွင်းက လမ်းအချို့မှာခေတ္တလမ်းပိတ်ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဟောင်ကောင်အခြေစိုက် Shaw Brother Pictures Internation Ltd က ရိုက်ကူးတဲ့ Line Waker -2 ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုက်က်ကူးမှာဖြစ်ပြီး မြို့ တွင်းလမ်းအချို့ကို လမ်းပိတ်၊ လမ်းလွှဲပြုလုပ်ထားမယ်လို့ သိရပါတယ်။



ဖေဖော်ဝါရီ ၁၈ ရက် မနက် ၆ နာရီကနေ ၁ နာရီအထိ ကြားတောရလမ်းကို ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ် ကနေ ရေတာရှည်လမ်းအထိ၊ အစမ်းလေ့ကျင့်မယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ နေ့လယ် ၁၁ နာရီကနေ ၄ နာရီအထိ မဟာဗန္ဓုလပန်းခြံကို အနော်ရထာလမ်းကနေ City Star ဟိုတယ်အထိလည်းကောင်း ပိတ်ထားမယ်လို့ ဆိုပါတယ်။

ရိုက်ကူးမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ မဟာဗန္ဓုလပန်းခြံကို အနော်ရထာလမ်းကနေ city star ဟိုတယ်အထိလည်းကောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ မနက်ပိုင်း ၆ နာရီကနေ ညနေ ၆ နာရီအထိ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း လူကူးခုံးကျော်တံတားကနေ ဆူးလေဘုရားလူကူး မျဉ်းကျား(မီးသတ် ဘက်အခြမ်း)အထိလည်းကောင်း လမ်းပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်မောင်းနှင်သူတွေအနေနဲ့ အခြားသင့်တော်တဲ့ လမ်းတွေကနေ မောင်းနှင်သွားလာကြဖို့ အသိပေးနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါလမ်းလွှဲမှုနဲပတ်သတ်ပြီး ပြည်သူတွေအကြားမှာ ရုပ်ရှင်ရိုက်ကူးမှုကြောင့် လမ်းပိတ်မှုကို မဖြစ်စေချင်ဘူးလို့ ဝေဖန်နေကြသလို နိုင်ငံတကာ ဇာတ်ကားတစ်ကားမှာ မြန်မာနိုင်ငံရဲ့ မြင်ကွင်းတွေ ပါဝင်မှာကြောင့် ဒီလိုလာရောက်ရိုက်ကူးတာက ကောင်းတယ်လို့လည်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က