တက်ရောက်သူ ၂၂၀၀ ကျော်ခဲ့ပါတယ်။

ပဉ္စမအကြိမ် UCSY IT Camp 2019 ကို ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ UCSY IT Camp 2019 မှာ ပြည်တွင်းမှ နာမည်ကျော်အိုင်တီပညာရှင်များမှ Guest Speaker များ အဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ယခုနှစ် UCSY IT Camp ကို မနက်၁၀ နာရီမှ စတင်ကာ အချိန် ၅ ချိန်ခွဲကာ ဟောပြောဆွေးနွေးခဲ့ပြီး စုစုပေါင်း Guest Speakers ၅၈ ဦး တက်ရောက်ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo: Duwun Tech

ပြည်တွင်း အိုင်တီပညာရှင်များနဲ့နည်းပညာကျောင်းသားများအကြား အဆက်အသွယ်များ ရှိစေဖို့၊ နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ ဗဟုသုတများနဲ့အသုံးချနည်းများ သိရှိဖို့ဆွေးနွေးဖလှယ်ခဲ့တဲ့ ဒီပွဲမှာ Android ၊ Web app ၊ Open Source ဆော့ဖ်ဝဲလ် ၊ Thesis နဲ့သုတေသနရေးရာ ၊ VR,AR&MR ၊ Web Server Infrastructure ၊ Cloud ၊ AI နဲ့BlockChain နည်းပညာများအပြင် နည်းပညာပိုင်း အလုပ်အကိုင် ၊ Digital Marketing ၊ ဂရပ်ဖစ်ဒီဇိုင်း နဲ့ဓါတ်ပုံပညာရပ်များ ၊ နိုင်ငံရပ်ခြား ပညာရေးစနစ်များအကြောင်းပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားခဲ့တာပါ။

" အခု ဒီ IT Camp မှာဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ အိုင်တီပညာရှင် အကုန်လုံးလာပြီး ဟောပြောပေးကြတယ်။ ကျောင်းသား ကျောင်းသူတွေလည်း တစ်နေရာတည်းမှာ အစုံ နားထောင်ရတယ်။ ဒီပွဲမှာ ဟောပြောသွားတဲ့ Topics တွေကလည်း လုံးဝမထပ်တဲ့အပြင် တကယ်ကို သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဟောပြောသွားတာပါ။" လို့ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခဒေါက်တာဒေါ်မီမီဆုသွင်က Duwun Tech ကို ပြောပါတယ်။

Photo: Duwun Tech

UCSY IT Camp 2019 အတွက် တက်ရောက်သူတွေကို အွန်လိုင်း/Offline စာရင်းပေးသွင်းလက်ခံခဲ့တာ ဖြစ်ပြီး အွန်လိုင်းမှ စာရင်းသွင်းသူ ၄၀၀ နဲ့offline မှ ၁၈၀၀ စုစုပေါင်း တက်ရောက်သူ ဦးရေ ( ၂၂၀၀ ) ကျော်ခန့်ရှိခဲ့တယ်လို့ပွဲစီစဉ်ကျင်းပသူတစ်ဦး ဖြစ်တဲ့ မမေဖူးဝေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် UCSY IT Camp 2018 မှာတော့ တက်ရောက်သူ ၂၀၀၀ ကျော်နဲ့ဆွေးနွေးဟောပြောသူ Guest Speaker ၄၀ နီးပါး တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က