အဆိုတော် သားဂန်းရဲ့ ဆုတောင်းစကားလေးက ချစ်သူကောင်မလေး ကြွေသွားစေမှာ အမှန်ပါပဲ။ သားဂန်းက ချစ်သူကောင်မလေး ဘေဘီမောင့်ရဲ့ ဘေးနားမှာ တစ်သက်လုံး နေခွင့်ရဖို့အတွက် ကြိုးစားသွားမယ်တဲ့.
Photo : သားဂန်း FB
သရုပ်ဆောင်ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ အချစ်ရေးလေးက တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။ အဆိုတော် သားဂန်းက ၂၀၁၉ ခုနှစ်အတွက် ဆုတောင်းစကားပြောရင်းနဲ့ချစ်သူကောင်မလေး ဘေဘီမောင့်ရဲ့ ဘေးနားမှာ တစ်သက်လုံး နေခွင့်ရဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
“2018မှာအဆင်မပြေမှု့များအားလုံး 2019မှာအဆင်ပြေကြပြီးချစ်ရတဲ့သူတွေနဲ့အမြဲအတူရှိကြပါစေ ကျွန်တော်လဲ သူမ အနားမှာတစ်သက်လုံး နေခွင့်ရအောင်ကြိုးစားနေပါတယ် အနုပညာ အလုပ်တွေလဲ ဒီထက်မကကြိုးစားသွားမှာပါ” ဆိုပြီး ဒီဇင်ဘာ(၃၁) ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : သားဂန်း FB
သားဂန်းရေးထားတဲ့ စာလေးကို သူတို့နှစ်ဦးရဲ့ ပရိသတ်တွေက ဖတ်ပြီး အားကျနေကြပါတယ်။ သားဂန်းက အရမ်းကို Ro တတ်လွန်းတယ်လို့လည်း ဘေဘီမောင်က မီဒီယာတွေကို ဖြေဆိုပေးဖူးပါတယ်။
“'ကိုယ်ကပဲ အမြဲတမ်း သူ့အပေါ်ဆိုးတာပါ. အိမ်မှာလည်း အကြီးဆိုတော့ အလုပ်တွေလုပ်. အရမ်းပင်ပန်းတဲ့အခါကျတော့ ကိုယ့်ချစ်သူကိုပဲ ဆိုးသွမ်းရတာပေါ့နော်.သူ့အပေါ်မှာတော့ ကိုယ်က တော်တော်လေးကိုစိုးတယ်. အလုပ်နဲ့ ပတ်သက်လာရင်လည်း နားလည်ပေးလွန်းလို့ ဘေဘီ သူ့ကို အချစ်ပိုတယ်. ဘေဘီ့ချစ်သူက အဲ့ဒီလို အချက်လေးတွေကြောင့် ဘေဘီ သူ့ကို ချစ်တာပါ'' လို့ သူမက ဖြေဆိုဖူးပါတယ်။
Photo : သားဂန်း FB
ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲဟာ ပရိသတ်တွေကြားထဲမှာ မနဲ့မောင်အတွဲလေးဆိုပြီး နာမည်ကြီးလို့ နေတာပါ။ အဲ့ဒီနောက် မောင် နဲ့ မ အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံကိုလည်း ဘေဘီမောင်က သမီးလေးတို့ရွာ ရုပ်ရှင်အထူးပြသပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်.
'' ဘေဘီက ငယ်ငယ်ကဆိုရင် မောင်လေးတွေကို မကြိုက်ဘူး. ဒါပေမယ့် အသက်အရွယ်အရ မောင်လေးဆိုပေမယ့် ကိုယ့်ရဲ့ ချစ်သူက အဖေတစ်ယောက်လို မျိုး အားကိုးရတယ်ဆိုတော့ မောင်လေး Mood တောင်ပျောက်သွားတယ်. ဒါပေမယ့် ချစ်သူကိုခေါ်တဲ့ နာမ်စားလေးမှာ ဘေဘီက မောင် ပဲခေါ်ချင်တာဆိုတော့ သူ့ကို မောင်လို့ ခေါ်ရတဲ့ Feeling ကိုကြိုက်တယ်. သူကတော့ ကိုယ်က အသက်ကြီးတော့ မ လို့ခေါ်တာပေါ့'' လို့ သူကဆိုပါတယ်။
Photo : သားဂန်း FB
အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။
Share