ဆေးရုံဝန်ထမ်းတွေ ပုံမှန်အလုပ်ပြန်ဆင်းနေပြီလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ (၉)လသား ကလေးငယ် ရဲ့ဆေးစစ်ချက်မှာ  COVID-19 Negative ဖြစ်နေတာကြောင့် ရေဦးမြို့နယ်ရှိ ပြည်သူဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းများ ပုံမှန်အတိုင်းအလုပ်ပြန်ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရေဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က Duwun ကိုပြောပြခဲ့ပါတယ်။

ရေဦးမြို့က အသက်(၉)လသား ကလေးငယ်သေဆုံးတာဟာ Covid – 19 ကြောင့် မဟုတ်ဘူးလို့ ရေဦးမြို့နယ် ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် ထွေးက ပြောပါတယ်။



“ကလေးလေးရဲ့ အဖြေကတော့ Negative ပါ ။မနေ့က ညပိုင်းဆေးစစ်ချက်အဖြေမှာပါသွားခဲ့တာပါ။ ဆေးရုံကြီးကိုလည်း တရားဝင်စာရောက်ပါပြီ။ ကလေးက ဖျားလည်းဖျားတယ်ပြီးတော့ဝမ်းလည်းလျှော ပြီးတော့ နမိုးနီးယားဖြစ်သွားတယ်လို့ပြောပါတယ်” လို့ ရေဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

အဲဒီကလေးငယ်ဟာ ဝမ်းလျှောတာ၊ဖျားတာ၊အသက်ရှူကြပ်တာ စတဲ့ ရောဂါလက္ခဏာတွေနဲ့ ရေဦးမြို့နယ် ပြည်သူ့ ဆေးရုံကို ဧပြီလ ၉ ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၀ရက်နေ့မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

ရေဦးဆေးရုံတွင် သေဆုံးခဲ့တဲ့ ကလေးတွင် COVID-19 ရောဂါ သံသယရှိသဖြင့် ဓါတ်ခွဲဆေးစစ်မှု ပြုလုပ်ခဲ့ပြီး ဓါတ်ခွဲဆေးစစ်မှု ရလဒ်အဖြေ မထွက်ခင် ကာလတွင် ကလေးငယ်နှင့်ထိတွေ့ခဲ့တဲ့ ရေဦးမြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်းတချို့ကို Home Quarantine သတ်မှတ်ထားသလိုမိသားစုကိုလည်း နေအိမ်မှာ Quarantine လုပ်ထားခဲ့တာပါ။

အခုချိန်မှာတော့ ကလေးငယ်မှာ Covid -19 Negative ဖြစ်နေတာကြောင့် ရေဦးမြို့နယ်ရှိ ပြည်သူဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းများ ပုံမှန်အတိုင်းအလုပ်ပြန်ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ရေဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က Duwun ကို ဆက်လက်ပြောပြခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာ ၄၁ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ရန်ကုန်က ၂၉ ဦး၊ ပဲခူး(ပေါက်ခေါင်း)က ၄ဦး၊ချင်းပြည်နယ်က ၃ဦး၊ရှမ်းပြည်နယ်က ၂ဦး၊နေပြည်‌တော်၊မန္တလေးနဲ့မွန်(ကျိုက်မ ရော)တို့က တစ်ဦးစီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က