လူထုအုံကြွမှုဖြစ်မှာစိုးရိမ်လို့ပါ။
ငွေသိန်းပေါင်း သောင်းချီပြီးလိမ်လည်မှုဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် လမိုင်းမြို့နဲ့ မော့ကနင်ရွာတွေမှာ လူထုအုံကြွမှုတွေ ထပ်မံမဖြစ်ပွားဖို့အတွက် ရဲတွေနဲ့ လုံခြုံရေးတိုးချဲ့ချထားရတယ်လို့ သိရပါတယ်။

အွန်လိုင်း လေလံမဲဆုရာကနေ ကျပ်သိန်းပေါင်း သောင်းချီလိမ်လည်မှုဖြစ်ပွားခဲ့တာကြောင့် မေလ ၂၂ ရက်နေ့မှာ တစ်ဆင့်ခံလုပ်သူတွေကို ရိုက်နက်တာတွေနဲ့ နေအိမ်တွေဖျက်ဆီးပြီး ပစ္စည်းလုယူတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။



အင်တာနက်မှတစ်ဆင့် ငွေစုငွေချေး လေလံမဲလုပ်ငန်းလုပ်ကိုင်ရာကနေ မသမာမှုဖြစ်ပွားတာကြောင့် ဒေသခံတွေက ဒေါသတကြီး ဆူပူအုံကြွမှုဖြစ်ခဲ့တာပါ။ သတင်းတွေအရ လမိုင်းမြို့နဲ့ မော့ကနင်ဒေသမှ ရွာသားတွေရဲ့ ငွေကြေး ကျပ်သိန်းပေါင်း တစ်သိန်းနဲ့ တစ်သောင်းလောက် လိမ်လည်ခံခဲ့ရတယ်လိုဆိုပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

"မနေ့က ညကတော့ ကျွန်တော်တို့သွားရောက်ပြီး ဒေသခံတွေကို ထိန်းသိမ်းပြီး အကျိုးအကြောင်းတွေနဲ့အဆင်ပြေအောင်ညှိနှိုင်းပေးပါတယ်။ ငွေစုဒိုင်ဆိုတဲ့သူကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဒေသခံတွေက အဲ့ဒီလူတွေကို ပေးမထွက်ဘူးဆိုတာတွေရှိပါတယ်။ ဒီနေ့ အထိတော့ လူထုအုံကြွမှုတွေ ထပ်ဖြစ်မှာစိုးတော့ ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးတိုးမြှင့်ချထားရပါတယ်။"လို့ မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဌ ဦးအောင်နိုင်ဦးက Duwun ကိုပြောပါတယ်။

ငွေစုကြရာမှာ အနိမ့်ဆုံး ငွေကျပ် ၅ သိန်းနှင့်အထက် လေလံမဲစုငွေထည့်ဝင်ကြပြီး လမိုင်းမြို့၊ မော့ကနင်ရွာနဲ့ ပတ်ဝန်းကျင်တဝိုက် ဘေးလမု၊ ကနင်ကမော့၊ အနင်း၊ နှစ်ကရင်၊ တောင်ပုံ၊ သောင်ပြင်ကျေးရွာ၊ ကလော့၊ ဟံဂံရွာသားတွေလည်း ငွေတွေအလိမ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ ငွေစုဒိုင်ရဲ့ဆွေမျိုးတွေကို ပါလူအင်အားနဲ့ ငွေကြေးတောင်းမှုတွေရှိနေတာကြောင့် ရဲတပ်ဖွဲ့အင်အားကို ထပ်တိုးချထားရသေးတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က