အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ မိသားစုနဲ့အတူ ဖြူးမြို့နယ်အတွင်းက မူလတန်းကျောင်းလေးမှာ စာသင်ခုံ ၅၀ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ သူဟာ အမှန်တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။
Photo: ထူးအယ်လင်း
ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် တက်တက်ကြွကြွဆောင်ရွက်တတ်တဲ့ အဆိုတော် ထူးအယ်လင်းက အခုဆိုရင် မိသားစုနဲ့ အတူပြုခဲ့တဲ့ ကုသိုလ်လေးအကြောင်းပြောပြလာပါတယ်။ ဒီကုသိုလ်လေးက သူ့အတွက်တော့ အရမ်းကို စိတ်ချမ်းသာခဲ့ရပါတယ်တဲ့။
‘’ပဲခူးတိုင်း ဖြူးမြို့နယ် ချင်းခင်ကျေးရွာအုပ်စု ဂွေးကုန်းရွာ ရှိ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းတွင် ကျောင်းသားကလေး ငါးဆယ်ယောက်စာအတွက် စာရေးစားပွဲခုံနှင့်ထိုင်ခုံများ သွားလှူဖြစ်ပါတယ်။ ရွာသူရွာသားကလေးမိဘတွေပျော်ကြသလို ကိုယ်တွေလဲ ပီတိဖြစ်ရတယ်။ စိတ်ချမ်းသာတယ်’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။
Photo: ထူးအယ်လင်း
ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့သူပါ။ သူ့ရဲ့ အလှူတိုင်းအတွက်လည်း အမြဲတမ်း စိတ်ချမ်းသာ ပီတိဖြစ်ရတယ်လို့လည်း ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’ပကာသနအလှူမဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ် ။အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့်ဒါနအလှူခွဲခြားထားပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: ထူးအယ်လင်း
ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါေ သးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။