ကြော်ငြာအတူတူရိုက်ကူးနေရပါပြီ။

မယ်လိုဒီက လိမ္မာပြီး ရင့်ကျက်လွန်းတဲ့ သားလေးအတွက် သူမရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သားလေးနဲ့အတူ ကြော်ငြာလည်း ရိုက်ကူးနေရပြီလို့ ဆိုပါတယ်။

Photo: Melody



သရုပ်ဆောင် မယ်လိုဒီက သားလေး သိဒ္ဓိစစ်နဲ့အတူ အမှတ်တရလေးဖြစ်အောင် ကြော်ငြာအတူတူရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သားလေးရဲ့ ကြိုးစားမှု အပေါ်မှာလည်း သူမရဲ့ ခံစားချက်ကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’မနေ့က သားအမိနှစ်ယောက် ကြော်ငြာရိုက်ကြတယ်။ တခြား ကလေးတွေလည်းပါတယ် (စိတ်ရှည်ကြလို့ကျေးဇူးပါ)။ သားသားက သူလုပ်နိုင်သလောက်လုပ်ရှာပါတယ်။ အိပ်ရေးမဝတော့ အိပ်ချင်နေရှာတယ်။ တစ်ခါတလေ ကလေးကိုခိုင်းသလို ဖြစ်နေလားဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတယ်။ ဘာပဲဖြစ်ဖြစ် ဘဝမှာ အမှတ်တရလေးတွေ ပိုရှိတယ်ဆိုပြီးဖြေသိမ့်ရတယ်’’ ဆိုပြီးတော့ မေလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Melody

အဲဒီနောက် အရမ်းကို လိမ္မာလွန်းတဲ့ သားလေးအတွက် သူမရင်ထဲမှာ အရမ်းကို ပီတိဖြစ်ခဲ့ရပါတယ်တဲ့။ မယ်လိုဒီဟာ သားလေးနဲ့ သူမအပေါ် ကူညီပံ့ပိုးပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုသာကောင်းကိုလည်း ကျေးဇူးတင်ကြောင်းပြောပြထားပါတယ်။

‘’ဒီနေ့မနက်ကျောင်းပို့တော့ သားမျက်နှာလေးကိုကိုင်ပြီး သားလေးရေ မနေ့က ကြော်ငြာရိုက်ပေးတာ ကျေးဇူးပါနော်လို့ ပြောတော့ မေမေကိုချစ်တယ်တဲ့။ ရင်ထဲဘာပြောရမှန်းတောင်မသိတော့ဘူး။ လူကြီးလေးလိုဖြစ်တဲ့အခါဖြစ် ကလေးလေးလို ဗြောင်းဆန်အောင် ဆော့တဲ့အခါဆော့ ဘာပဲဖြစ်ဖြစ် လိမ္မာ သိတတ် တဲ့ကလေးလေးပါ။ ခေးမေကိုလည်း မဆူကြပါနဲ့နော်။ သားသားနဲ့အနုပညာ အလုပ်အတူတူလုပ်ရတာ ဘဝအတွက်အမှတ်တရပါ။ ဒီအမှတ်တရတွေအတွက် အလုပ်ပေးတဲ့သူရော၊ ရိုက်ပေးတဲ့သားလေးရော၊ ကူညီပေးတဲ့ ဖေဖေသာရော၊ ကျေးဇူးပါရှင်’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Melody

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Melody

မယ်လိုဒီ(Melody)ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က