သံဃာတော်အပါး (၅၀၀)ကိုလည်း ဆွမ်းကပ်လှူဒါန်းခဲ့ပါသေးတယ်။

ဟဲလေးတို့ မိသားစုရဲ့ အလှူကို တွေ့မြင်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။ သန်လျင်မြို့မှာ ရှိတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်မှာ အလှူအတန်းတွေ သွားလုပ်ခဲ့တာပါ။

Photo : ဟဲလေး FB



အဆိုတော် ဟဲလေးက ဒီနေ့မှာ မိသားစုနဲ့အတူ သန်လျင်မှာ ရှိတဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ အလှူအတန်းတွေ သွာ းလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းရှိ သံဃာ အပါး (၅၀၀)ကို ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ကျောင်းမှာ ရှိတဲ့ ကျောင်းသား၊ကျောင်းသူ (၇၂၀)အတွက် ကျောင်းသုံးပစ္စည်းများလည်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

ယနေ့သန်လျင်သီတဂူဗုဒ္ဓတက္ကသိုလ်မှာသံဃာတော်အပါး၅၀၀ကိုဆွမ်းကပ်ခဲ့ပြီးကျောင်းသူကျောင်းသား၇၂၀အတွက်ကျောင်းသုံးပစ္စည်း

အစုံနှင့်..ဆရာ..ဆရာမများအတွက်..သင်ထောက်ကူပစ္စည်းများအား..လှူဒါန်းခဲ့ပါသည်”   ဆိုပြီး အဆိုတော် ဟဲလေးရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၆) ရက်နေ့က ရေးသားထားပါတယ်။

တာ် ဟဲေ

Photo : ဟဲလေး FBလးရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၆) ရက်နေ့က ရေးသားထားပါတယ်။

သူတို့မိသားစုရဲ့ အလှူလေးမှာ ပါဝင်ပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်စကား ဆိုထားသလို သူတို့အလှူလေးက ရတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်း (၇)ရက်သားသမီး ပရိသတ်များ အတွက် အမျှဝေထားပါသေးတယ်။

“ပါဝင်အားဖြည့်ပေးကြတဲ့အမှည့်အလဲ့မှသွေးသောက်များချစ်မှည့်များအားလုံး❣ ကျေးဇူးအထူးတင်ရှိပါကြောင်း ၇ရက်သားသမီးအပေါင်းကုသိုလ်ထူးတွေထပ်တူရကြပြီး

နတ်လူသာဓုခေါ်စေသော်” ဆိုပြီး ဟဲလေးက သူ့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo : ဟဲလေး FB

ဟဲလေးကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်လိုက် ရလာတဲ့ ငွေကြေးတွေကို လှူလိုက်တန်းလိုက်ပါပဲ။ ဖျော်ဖြေပွဲ မရှိတဲ့ အချိန်တွေမှာလည်း ဘုရားတရားတွေ လုပ်ဖြစ်နေတာတွေ့ရပါတယ်။သီချင်းရေးတဲ့အပိုင်းမှာရော သီချင်းဆိုတဲ့ အပိုင်းမှာပါ အောင်မြင်မှု ရရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ဟဲလေးက လက်ရှိမှာ နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုသလို ဖျော်ဖြေနေရတာ တွေ့ရပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။


Photo : ဟဲလေး FB

သာယာတဲ့ မိသားစုလေးကို တည်ထောင်ထားပြီး သူချစ်တဲ့အနုပညာများကို ဖန်တီးနေသူ ဖြစ်ပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က