ငါးလုပ်ငန်းခွင့်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၃၈(က)(ခ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ကော့သောင်းမှာ တရားမဝင်ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား (၂၃) ဦးကို ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

Photo- Ministry of Home affairs


ဖေဖော်ဝါရီ ၆ ရက်နေ့က ကော့သောင်းမြို့နယ် သံကျွန်းအနောက်ဘက် ရေမိုင် (၇၀) အကွာ မြန်မာရေပိုင်နက် ပင်လယ်ပြင်မှာ KM TROYA စာတမ်းပါ အလျား ၆၂ ပေ၊ အနံ ၁၈ပေ၊ ရေစူး ၇ ပေခန့်ရှိတဲ့ ၆ လုံးထိုး ငါးဖမ်းစက်လှေ ၁ စီးကို အင်ဒိုနီးရှားနိုင်ငံသား ဇုလ်ဖာဒ်လီ (၃၄)နှစ် ပဲ့နင်း၊ အေဒီရာယုမြို့ အာချေတီမောရ်ပြည်နယ် အင်ဒိုနီးရှားနိုင်ငံနေသူပါ ကျား (၂၃) တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို မြို့နယ်ငါးလုပ်ငန်းဦးစီးမှုး ဦးအောင်နိုင်ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ အဆိုပါ ဖမ်းဆီးရမိသူတွေကို ကော့သောင်းမြို့နယ်ရဲစခန်း (ပ) ၃၄၀/ ၂၀၁၉ ၊နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းခွင့်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၃၈(က)(ခ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးက မြန်မာ့ရေပိုင်နက်အတွင်းကို တရားမဝင် ဝင်ရောက်ပြီးငါးခိုးဖမ်းတာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရေပိုက်နက်အတွင်းမှာ ငါးခိုးဖမ်းမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီးတော့ ဖမ်းဆီးရမိတာရှိသလို ဖမ်းဆီးရမိခြင်းမရှိတဲ့ နိုင်ငံခြား ငါးဖမ်းရေယာဉ်တွေလည်း ရှိနေတယ်လို့ ကော့သောင်းမြို့ဒေသခံတွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က