ချုပ်ရက်ခံစားခွင့်ပေးထားပါတယ်။

ကျောင်းရှေ့မှာ အသုဘအခမ်းအနားနဲ့မီးရှို့ဆန္ဒပြခဲ့ကြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရတနာပုံတက္ကသိုလ်ဗကသကျောင်းသား ၃ ယောက်အပါအဝင် ကျောင်းသား ၇ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ လစီ အမိန့်ချမှတ်လိုက်ပါတယ်။

၎င်းတို့ကိုစွဲချက်တင်ထားတဲ့ပုဒ်မတွေထဲက အစိုးရအကြည်ညိုပျက်စေမှုနဲ့ စွဲဆိုထားမှုအပေါ် ပယ်ဖျက်ပေးလိုက်ပြီး ကျန်ပုဒ်မတွေအတွက်တော့ အလုပ်နဲ့ထောင်ဒဏ် ၃ လစီ အမရပူရမြို့နယ်တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။



"ကျောင်းသားတွေကို ငြိမ်းစုစီအတွက် ထောင်ဒဏ်နှစ်လ နဲ့ ပုဒ်မ ၄၃၅ အတွက် ထောင်ဒဏ် ၃ လစီကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်၊ ကျန်တဲ့ပုဒ်မကတော့ တရားစွဲအဖွဲ့အစည်းက ကျောင်းသားတွေပညာရေးအတွက် ရုတ်သိမ်းပေးဖို့စာ တင်ပြလာတဲ့အတွက် ပယ်ဖျက်ခဲ့ပါတယ်" လို့ တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းသားတွေဟာ ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းဝင်းသန့်ရှင်းရေး တိုးမြှင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုကြရင်း ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်ကျောင်းရှေ့မှာ အသုဘအခမ်းအနားတစ်ခုနဲ့ ပါဖောင်မန့်လုပ်ပြီး အစိုးရအဖွဲ့နဲ့ ကျောင်းအာဏာပိုင်တွေရဲ့ ဓာတ်ပုံကို မီးရှို့ဆန္ဒပြခဲ့ကြတာပါ။

ဒီအတွက် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုကျော်သီဟရဲကျော်၊ ဒုဥက္ကဋ္ဌကိုရဲမင်းထွန်းနဲ့ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေတို့ ကနဦး ဖမ်းဆီးတရားစွဲခံလိုက်ရပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သမဂ္ဂအဖွဲ့ဝင် ကိုဘုန်းမြင့်ကျော်၊ ကိုနေဝင်းကျော်၊ ကိုရဲလင်းအောင်နဲ့ ကိုမျိုးချစ်အောင်(ခ)ဘချစ်တို့ ၄ ဦးလည်း ထပ်မံဖ မ်းဆီးတရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ကျောင်းသားတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ မီးရှို့ဖျက်ဆီးမှုပုဒ်မ ၄၃၅၊ ငြိမ်းစုစီပုဒ်မ ၁၉(စ) တို့နဲ့ အသီးသီး တရားစွဲဆိုထားတာပါ။ အလုပ်နဲ့ထောင်ဒဏ် ၃ လစီချမှတ်ခံလိုက်ရတဲ့ ကျောင်းသား ၇ ယောက်စလုံးဟာ ချုပ်ရက်ခံစားခွင့် ရရှိမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က