ကျောင်းသားတစ်ဦးချင်းစီရဲ့ Smart Cardမှာလည်း ကျောင်းသားရဲ့ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကပြောပါတယ်။
ကျောင်းသူကျောင်းသားတွေ လုံခြုံရေးအတွက် ၎င်းတို့ ကျောင်းကားပေါ် အတက်အဆင်းအချိန်တွေကို သိရှိနိုင်မယ့် Smart Card စနစ်ကို သုံးစွဲဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဇူလိုင်လ(၃)ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နဲ့ မီဒီယာများ့တွေ့ဆုံပွဲမှာ YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောခဲ့ပါတယ်။
“ကျောင်းသားတွေစီးနင်းလိုက်ပါတဲ့ ကျောင်းကားတွေမှာ ကျောင်းသားတွေ ဘေးကင်းလုံခြုံရေးအတွက် နည်းပညာပိုင်းတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အဲဒီအခါမှာတော့ ကျောင်းကားတွေမှာ Card စနစ်ကို သုံးသွားမှာဖြစ်ပြီး ဒီစနစ်မှာသုံးမယ့် အချက်အလက်တွေကိုလည်း ကျောင်းသားတွေရဲ့ မိဘတွေဆီကို ပေးပို့ကောက်ခံသွားဖို့လည် းစီစဉ်နေပါတယ်။ အချက်အလက် ကောက်ယူပြီးတာနဲ့ တစ်ပြိုင်နက် ကျောင်းကားတွေမှာ Smart Card စနစ်ကို ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ဦးအောင်ညီညီမော်ကပြောခဲ့တာပါ။
ကျောင်းသူကျောင်းသားတွေ လုံခြုံမှုရှိဖို့အတွက် တစ်ဦးချင်းစီရဲ့ Smart Card မှာ ကျောင်းသားရဲ့ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးအောင်ညီညီမော်ကပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ကျောင်းကား(၉၈)စီးရှိပြီး ကျောင်း(၁၂)ကျောင်းကို ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။