သူကကြောက်စရာကောင်းတဲ့ကောင်လေးမဟုတ်ပါဘူး။

ဘေဘီမောင် အတွက်တော့ သားဂန်းဟာ တကယ်ကို ကောင်းကျိုးပေးတဲ့ ချစ်သူလေးဖြစ်တယ်လို့ ဖွင့်ပြောပြလာပါတယ်။ သားဂန်းကိုလည်း လက်ထပ်ဖို့အထိ ရည်ရွယ်ထားသူဖြစ်ပါတယ်။

Photo: Baby Maung

ဘေဘီမောင်ဟာ လက်ရှိမှာ သူရွေးချယ်ထားတဲ့ ချစ်သူက သူမအတွက်တော့ စိတ်ချမ်းသာမှုတွေရစေတဲ့ ချစ်သူပါလို့ ဆိုပါတယ်။ ချစ်သူရသွားတာကြောင့်လည်း ပရိသတ်အားပေးမှာကို စိုးရိမ်မိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ချစ်သူရသွားပြီဆိုရင် အားမပေးတာတို့ မျိုးစုံရှိတယ်။ ပထမကတော့ ဘေဘီလည်း ပရိသတ်လျှော့သွားမလားဆိုတာကို ကြောက်ခဲ့တယ်။ ဒါပေမယ့် ဘေဘီက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့အခါမှာကျတော့ ကိုယ်က ပရိသတ်ကိုရိုးသားမှုနဲ့ပေးဆပ်တဲ့အခါမှာ ပရိသတ်တွေ အားလုံးက လက်ခံတယ်။ သူကိုယ်တိုင်ကလည်း ကြောက်စရာကောင်းတဲ့ကောင်လေးမဟုတ်ဘူး။ အေးတယ်၊ ရိုးတယ်၊ ကိုယ့်စကားတစ်ခွန်းပဲ လိမ္မာတဲ့အခါကျတော့ ပရိသတ်ကလည်း လက်ခံတယ် ဆိုကတည်းက ကိုယ့်အတွက် ကောင်းကျိုးပေးတဲ့ ချစ်သူလို့ပြောလို့ရတယ်’’လို့ သူကဆိုပါတယ်။

Photo: Baby Maung

ဘေဘီမောင်က သူ့ရဲ့ ချစ်သူ သားဂန်းကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာဖြစ်ပြီး အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်မယ့် ခင်ပွန်းလောင်းတစ်ယောက် ဖြစ်မှာပါလို့ ဆိုပါတယ်။


‘’ သူက ဂီတနဲ့ပတ်သက်ပြီး တော်တော်လေးအရည်အချင်းရှိတယ်။ Talent ရှိတယ်။ သူလည်း အရည်အချင်းတွေ စိစစ်ပြီးတော့မှ ဒီလိုအခြေအနေကိုရောက်ခဲ့တာဆိုတော့လေ သူသီချင်းဆိုတာကလည်း အရမ်းကောင်း၊ ပရိသတ်တွေကလည်း အားပေးကြတယ်လေ။ သူ့ရဲ့ အနုပညာအရည်အချင်းနဲ့တော့ မိန်းမတစ်ယောက်ကို လုပ်ကျွေးနိုင်တဲ့ အရည်အချင်းကတော့ရှိပါတယ်’’ လို့ ဇွန်လ ၃ ရက်နေ့က ‘’Lady Boy’’ ရုပ်ရှင် Press Show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Baby Maung

ဘေဘီမောင်က သားဂန်းနဲ့ ချစ်သူတွေဆိုတာကို ၂၀၁၉ ခုနှစ်အတွင်းက တရားဝင်ထုတ်ဖော်ပြောပြလိုက်တာပါ။သူမဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။



Photo: Baby Maung

ရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က