triple lens သုံး ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးလို့ဆိုရမှာပါ

Triple Cameras နဲ့ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးလို့ဆိုနိုင်တဲ့ Lenovo ဖုန်းကို အိန္ဒိယဈေးကွက်မှာ ကြေညာသွားပါတယ်။


Lenovo ဟာ ဒီလဆန်းပိုင်းကပဲ Lenovo K10 Note ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုတစ်ခေါက်မှာတော့ Lenovo K10 Plus ကို ဖြန့်ချိလိုက်တာပါ။ Lenovo K10 Plus ဟာ ခေတ်ပေါ် စမတ်ဖုန်းတွေအတိုင်း waterdrop notchc နဲ့လာပြီး မျက်နှာပြင် အရွယ်အစား ၆.၂၂ လက်မ FHD+ display ပါရှိပါတယ်။ ကျောဘက်မှာတော့ ထောင်လိုက်ကင်မရာ ၃ လုံးတွဲနဲ့အတူ Fingerprint scanner တစ်ခု တပ်ဆင်ထားပါတယ်။

Photo: fonearena

mid-range ဖုန်းဖြစ်တဲ့ Lenovo K10 Plus ဟာ Snapdragon 632 SoC နဲ့လာပြီး RAM 4GB/64GB သုံးထားပါတယ်။ microSD card ပံ့ပိုးမှုပါပြီး storage ကို 2TB အထိ ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။ ဘက်ထရီပါဝါ 4050 mAh သုံးထားပြီး 18W fast charging နည်းပညာ ပံ့ပိုးပေးထားလို့အားသွင်းရ မြန်ဆန်နေမှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ ZUI 11 ပါရှိပါတယ်။

ရှေ့ဘက် waterdrop notch ထဲမှာ 16MP selfie ကင်မရာ ပါပြီး ကျောဘက်မှာတော့ 13MP main ကင်မရာ ၊ 8MP ultra-wide ကင်မရာနဲ့5MP depth sensor သုံးလုံးတွဲ သုံးထားပါတယ်။ အရောင်အနေနဲ့Black နဲ့Sprite ကာလာ ၂ ရောင်နဲ့ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၀၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ဈေး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က