ကမ္ဘာပေါ်မှာ ပထမဆုံး display အောက်မှာ ကင်မရာတပ်ထားတဲ့ Samsung ဖုန်းကတော့ တရုတ်ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။
Photo: FoneAreana
Samsung Galaxy A8s ကို တရုတ်အွန်လိုင်းဈေးကွက်ဖြစ်တဲ့ JD.com ကနေ ရောင်းချနေတာ ဖြစ်ပြီး လောလောဆယ်မှာတော့ memory ဗားရှင်းတစ်မျိုးတည်းပဲ ရောင်းချနေတာပါ။ တရားဝင်မိတ်ဆက်ခဲ့ချိန်က Galaxy A8s ဟာ RAM 6GB နဲ့8GB ဗားရှင်း နှစ်မျိုးနဲ့ထွက်ထားတာ ဖြစ်ပြီး လက်ရှိ ရောင်းလာတာက RAM 6GB ဗားရှင်း ဖြစ်ပါတယ်။
ဒီဖုန်းဟာ mid-range processor ဖြစ်တဲ့ Snapdragon 710 chipset ကို သုံးထားပြီး Android Pie နဲ့ထွက်လာတာပါ။ onboard storage အနေနဲ့128GB ကို သုံးထားပြီး microSD card ကနေတစ်ဆင့် 512GB အထိ ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။ အထူးခြားဆုံးကတော့ in-display ဆယ်လ်ဖီကင်မရာစနစ်နဲ့ကျောဘက်က သုံးလုံးတွဲ ကင်မရာတွေ ဖြစ်ပါတယ်။
Infinity O ဆိုတဲ့ Samsung ရဲ့ display နည်းပညာသစ်ဟာ ဖုန်း display ဘယ်ဘက် အပေါ် ထောင့်နားမှာ ကင်မရာအပေါက်နဲ့လာပြီး 24MP ဆယ်လ်ဖီကင်မရာပါရှိပါတယ်။ ကျောဘက်မှာတော့ အပါချာအမြင့်စား 24MP ပင်ကင်မရာ ၊ 10 MP အနီးအဝေးဆီ tele ကင်မရာ နဲ့5MP depth sensing ကင်မရာ သုံးလုံးတွဲနဲ့လာပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးထားတာ ဖြစ်ပါတယ်။
BOE ကုမ္ပဏီရဲ့ နည်းပညာဖြစ်တဲ့ ၆.၄ လက်မ LCD IPS display ပါတဲ့ ဒီဖုန်းဟာ မှန်ကိုယ်ထည်နဲ့လာပေမယ့် wireless charging တော့ မရပါဘူး။ သုံးထားတဲ့ 3400 mAh ဘက်ထရီမှာတော့ USB Type C ကနေ တစ်ဆင့် အမြန်အားသွင်းနိုင်တဲ့ စနစ် ပါဝင်ပါတယ်။
Photo: mobilesyrup
တရုတ်ဈေးကွက်မှာတော့ RAM 6GB ဗားရှင်းကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) ဈေးနဲ့ရောင်းချနေပြီး အရောင်ကတော့ အပြာ ၊ အနက်နဲ့ငွေကာလာ ၃ ရောင်နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။