ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေကြတာပါ။

နှစ်ဦးစလုံး ဒူးခွဲစိတ်မှုခံယူခဲ့ရတာ ဖြစ်ပြီး ကုန်ကျစရိတ်အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံသုံးစွဲပေးနေတာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခွဲစိတ်ကုသမှု ခံယူလျက်ရှိတဲ့ ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့နှစ်ဦးကို အာရှဘောလုံး အဖွဲ့ချုပ် ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က မနေ့ညနေပိုင်းမှာ သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့ နှစ်ဦးစလုံးမှာ မြန်မာ့လ်ရွေးစင် ကစားသမားတွေ ဖြစ်ကြပြီး နှစ်ဦးစလုံး ဒူးခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။



နှစ်ဦးစလုံးရဲ့ ဒူးခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပေမယ့် ပုံမှန်အနေအထားပြန်ရောက်ဖို့ ကြံ့ခိုင်မှု လေ့ကျင့်ခန်း တွေ အချိန်ယူလုပ်ဆောင်ဖို့ လိုနေသေးတယ်လို့လည်း သိရပါတယ်။ ခွဲစိတ်ကုသဖို့ ကုန်ကျစရိတ်တွေကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံ ပေးသွားတာ ဖြစ်ပြီး ယခုလို ကျော်မင်းဦးနဲ့ ဇေယျာနိုင်တို့နှစ်ဦးကို ဦးဇော်ဇော်သွားရောက်တွေ့ဆုံချိန် မြန်မာ့လက်ရွေးစင်ဟောင်း ကျော်ကိုကိုလည်း လာရောက်တွေ့ဆုံခဲ့ပါတယ်။

ကျော်ကိုကိုကလည်း ထိုင်းလိဂ် ဆာမတ်ပရာကန်အသင်းမှာ ကစားနေတဲ့ ကစားသမားဖြစ်ပြီး စီနီယာကစားသမားတစ်ဦး အနေနဲ့ ဂျူနီယာ ညီငယ်ကစားသမားတွေကို လာရောက်အားပေးစကားပြောခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က