စတွေ့တုန်းကအကြောင်းတွေပြောပြလာပါတယ်။

ကောင်းမြတ်တစ်ယောက် စိုင်းစိုင်းခမ်းလှိုင်ကို စတွေ့ချိန်က ထောက်မကျိုးတဲ့ လူငယ်ပုံစံနဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ ၁၉ နှစ်တာ ခင်မင်မှုတွေမှာ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

Photo: Sai Sai



ကောင်းမြတ်ဆိုရင်တော့ တစ်ချိန်က အချစ်သီချင်းတွေ၊ Rap သီချင်းကောင်းတွေ အများကြီးဆိုခဲ့တဲ့ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ သူဟာ လက်ရှိအောင်မြင်မှုတွေရရှိနေတုန်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ၁၉ နှစ်တာ သူငယ်ချင်းအဖြစ် ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်ကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ အများကြီးပဲ အက်ဆစ်အဖွဲ့က သူငယ်ချင်းတွေ၊ အာဇာနည်တို့ အများကြီးပဲ ကျွန်တော်တို့ စုပြီးတော့ ဘုရားဖူးထွက်ကြတာ။ အဲဒီတုန်းက ကျွန်တော်နဲ့ စိုင်းစိုင်းတို့ မသိသေးဘူး။ ဘုရားဖူးထွက်တဲ့အချိန်မှ သိတာပေါ့နော်။ အဲဒီမှာ ဟာ ဒီတစ်ယောက်က ဘာလဲပေါ့နော် ကြည့်ရတာ သိပ်ထောင့်မကျိုးဘူးပေါ့။ သူ့စိတ်ရင်းကို မသိသေးခင်ပေါ့နော်။ ပုံစံက မော်ဒယ်လား၊ ဘာလဲပေါ့နော်။ ကျိုက်ထီးရိုး ဘုရားပေါ်ရောက်တော့ ကျွန်တော်တို့ အခန်းခွဲတာပေါ့နော်။ ကျွန်တော်ရယ်၊ စိုင်းစိုင်းရယ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ဟိန်းဇော်ရဲ့ အစ်ကိုရယ်၊ နောက်ပြီးတော့ အဆိုတော် အာဇာနည်ရဲ့ညီ Mသီဟရယ် တစ်ခန်းတည်းမှာ စကားပြောကြရင်း စိုင်းစိုင်းခမ်းလှိုင်က ငါထင်ထားသလောက်လည်း မဆိုးပါဘူူးပေါ့။ အချိုးမပြေတာလည်းမဟုတ်ဘူး၊ ဒီဘဲက ပေါင်းလို့သင်းလို့လည်းကောင်းမှာပဲ ဆိုပြီးတော့ ခင်လာလိုက်တာ လွန်ခဲ့တဲ့ ၁၉ နှစ်ကနေ အခုထိပါပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြခဲ့ပါတယ်။

အဲဒီနောက် ကောင်းမြတ်ဟာ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ သီချင်းတွေ အတူတူရေး၊ အတူတူဆိုကြရင်းနဲ့ ဂီတလောကထဲကို ဝင်ရောက်လာတဲ့ အမှတ်တရကိုလည်း ပြောပြထားပါသေးတယ်။

‘’ခရီးက ပြန်လာပြီးတဲ့နောက်မှာတော့ ကျွန်တော်နဲ့ စိုင်းစိုင်းလည်း အပြင်မှာ မကြာခဏဆုံဖြစ်တယ်။ အဲဒီတုန်းက သူ့ရဲ့ ပထမဆုံးတေးစီးရီးဖြစ်တဲ့ ချောကလက်ရောင် ရေခဲအိပ်မက် ဆိုတဲ့ တေးစီးရီးထွက်ထားတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ကို ထွက်ဖို့ ကြိုးစားနေတဲ့အချိန်ပေါ့နော်။ အဲဒီမှာ ကျွန်တော်က ၁၀တန်းအောင်ပြီးတော့ ဒီလောကထဲမှာ သီချင်းတွေဆိုဖို့ ကြိုးစားနေတဲ့အချိန် တိုက်ဆိုင်ပြီးတော့ သူနဲ့ကျွန်တော် တွဲမိတယ်။ စိတ်သဘောထားချင်းလည်းတူတယ်၊ အကြိုက်လေးတွေလည်းတူတယ်၊ လုပ်ချင်တဲ့ပုံစံလေးတွေလည်းတူတော့ သီချင်းတွေ ပေါင်းရေးဖြစ်တယ်။ စတိတ်ရှိုးတွေမှာ အတူတူဆိုဖြစ်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Sai Sai

ကောင်းမြတ်၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ငယ်ငယ် တို့ဟာ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သုံးယောက်စလုံးကလည်း ကိုယ်ပိုင်အိပ်မက်လေးတွေ အောင်မြင်ဖို့ ကြိုးစားခဲ့တာ ၁၉ နှစ်ကြာခဲ့တယ်လို့ ဆိုပါတယ်။

‘’ အဲဒီအချိန်မှာ ငါတို့ အဖွဲ့ ဖွဲ့မလား စဉ်းစားတော့ မဖွဲ့ဖြစ်ခဲ့ဘူး။ ကိုယ်ပိုင်နာမည်နဲ့ပဲ ကြိုးစားကြမယ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်၊ ငယ်ငယ်ပေါ့နော်။ ကျွန်တော်တို့ ၃ ယောက် စခဲ့တာပါ။ နောက်ကျတော့ သူငယ်ချင်း နန္ဒစိုင်းတို့၊ John တို့ ဆက်ပါလာတယ်။ အဲဒီလို ပုံစံလေးနဲ့ ကျွန်တော်တို့ ဖြတ်သန်းလာတာ ဒီနေ့ဆိုရင် ၁၈ နှစ်ကျော်၊ ၁၉ နှစ်တာကာလ ဖြတ်သန်းခဲ့ပါပြီ’’ လို့ သူကဆိုပါတယ်။ 

Photo: Sai Sai

အဆိုတော်ကောင်းမြတ်ကိုတော့ စိုင်းစိုင်းနဲ့သီချင်းတွေ အတူတူဆိုရင်း ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ချစ်ခွင့်ရချင်ပြီ’’ ဆိုတဲ့ သီချင်းနဲ့ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှု များစွာ ရရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကောင်းမြတ်က အနုပညာအလုပ်ထက် စီးပွားရေးကို ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတနဲ့ပတ်သက်လို့ ‘’အချစ်စွမ်းရည်’’ ဆိုတဲ့ Music Video လေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်းက ထွက်ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က