ရန်ကုန်တိုင်းမှာ အခမဲ့စာသင်ကျောင်း (၄) ခုရှိပါတယ်။

လမ်းပေါ်နေ ကလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်လိုက်ရတဲ့ကလေးတွေကို အခမဲ့ စာသင်ကြားပေးနိုင်ဖို့ တောင်ဒဂုံမြို့နယ်မှာ နေ့စာသင်ကျောင်းတစ်ခုကို အောက်တိုဘာ ၉ ရက်က ဖွင့်လှစ်လိုက်ပါတယ်။

Photo- SONNE Social Organization

တောင်ဒဂုံမြို့နယ် (၁၀၄) ရပ်ကွက်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အသက် ၅ နှစ်အရွယ်ကနေ အသက် ၁၄ နှစ်အရွယ် ကျောင်းမတတ်နိုင်တဲ့ကလေးတွေကို အခြေခံပညာသင်ရိုးညွှန်းတိုင်းပုံစံအတိုင်း သင်ကြားပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းတက်နေ့တဲ့ကလေးတွေကို ကျောင်းအားလပ်ချိန်တွေမှာ အချိန်ပိုင်းကျုရှင်ပုံစံမျိုးနဲ့ အခမဲ့သင်ကြားပေးတာတွေလည်း ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

Photo- SONNE Social Organization

“ ကျောင်းမတတ်ဖူးတဲ့ကလေးတွေ၊ ကျောင်းထွက်လိုက်ရတဲ့ကလေးတွေရှိတယ်။ အဓိကက ပညာသင်ကြားမှုမရတော့တဲ့ကလေးတွေကို ဦးစားပေးပြီး သင်ကြားပေးတာပါ။

အခြေခံစာရေးတတ်၊ဖတ်တတ်အောင်သင်ပေးတာပေါ့။” လို့ အဆိုပါ နေ့စာသင်ကျောင်းကို ဦးစီးဖွင့်လှစ်တဲ့ Sonne Social Organization မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါကျောင်းမှာ အဓိကသင်ကြားပေးနေတဲ့ ဆရာမ (၂) ဦးသာရှိတာကြောင့် ကျောင်းသားကျောင်းသူအယောက် (၄၀) ခန့်ကိုသာ သတ်မှတ်သင်ကြားပေးနိုင်တယ်လို့လည်း သိရပါတယ်။

အသက် (၁၄) နှစ်ပြည့်ပြီး လူငယ်တွေအတွက်လည်း အပ်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ရွှေပန်းထိမ်သင်တန်း၊ ဝပ်ရှော့သင်တန်းတွေကိုလည်း သင်ကြားပေးနိုင်အောင်စီစဉ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ နေ့စာသင်ကျောင်းတွေကိုသာကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ စုစုပေါင်း (၄) ကျောင်းဖွင့်လှစ်ထားကာ တစ်နှစ်ကို ကျောင်းသားကျောင်းသူဦးရေ အယောက် (၂၀၀) ခန့်သင်ကြားပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က