''အောင်အတုလမာန်အောင်'' စေတီတော်ကြီးဖြစ်ပါတယ်။

အဆိုတော်ထူးအယ်လင်းက ကော့မှူးမြို့အတွင်းမှာရှိတဲ့ အောင်အတုလမာန်အောင် စေတီတော်ကြီး မွမ်းမံပြင်ဆင်နိုင်ဖို့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo: ထူးအယ်လင်း

ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အဆိုတော် ထူးအယ်လင်းက ကော့မှူးမြို့နယ်အတွင်းက အောင်အတုလမာန်အောင် စေတီတော်မြတ်ကြီးကို ပြုပြင်မွမ်းမံနိုင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီကုသိုလ်ကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

‘’ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ အိမ်ခြေ ၄၀ ရှိတဲ့ နှခွကျေးရွာလေးမှာရှိသော အောင်အတုလမာန်အောင် စေတီတော်မြတ် ပြန်လည်ပြုပြင်မွမ်းမံနိုင်ဖို့ ဆိုင်ကယ်ချစ်သူ ညီအကိုမောင်နှမများနှင့် အလှူရှင် အလှူ့အမများကို ဖိတ်ကြားအပ်ပါတယ်ခင်ဗျ’’ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo: နိုင်ဦး

အဲဒီနောက် ထူးအယ်လင်းက အမှတ်တရ ဖြစ်စေနိုင်မယ့် စေတီတော်ရဲ့ ကဗ္ဗည်းတိုင်လည်း လုပ်သွားဦးမယ်လို့ သူကဆိုပါတယ်။

‘’သွားလှူမည့်ကျေးရွာရှိ ဘုရားစေတီကဗ္ဗည်းကို မှတ်မှတ်ရရ ကုသိုလ်အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ကယ်ချစ်သူများနှင့် နှခွရွာသူရွာသားများကောင်းမှု အမည်ဖြင့် ဆိုင်းဘုတ်ရေးထိုး ကဗ္ဗည်းတင်မည်ဖြစ်ကြောင်း အလှူရှင် ခုနှစ်ရက်သားသမီးနှင့် ရာဟုသားသမီးအပေါင်းတို့အား အသိပေးအကြောင်းကြားဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: ထူးအယ်လင်း

ထူးအယ်လင်းဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က