ဘုန်းမင်းနေလက ပညာရေးကို ဦးစားပေးနေရတဲ့အချိန်မှာ အနုပညာအလုပ်တွေအများကြီး လက်လွှတ်လိုက်ရတယ်လို့ပြောပါတယ်။ ခွင့်ရတုန်းပြန်လာတဲ့အချိန်မှာလည်း ဖခင်ဖြစ်သူကို သွားတွေ့ခဲ့တယ်လို့ဆိုပါတယ်။
Photo: phone Min Nay La
ဘုန်းမင်းနေလကတော့ အခုလက်ရှိမှာ စင်ကာပူမှာရှိတဲ့ (Management Development Institute of Singapore) ကျောင်းမှာ ပညာသင်ကြားနေတာကိုတွေ့ရပါတယ်။ ခွင့်ရက်ရလို့ မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာတော့ ဖခင်ဖြစ်သူကို သွားရောက်တွေ့ဆုံဖြစ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။
‘’အခုက အလုပ်လည်း လုပ်လို့မရဘူး။ ကျွန်တော့်ကို အလုပ်ကိစ္စ လာပြောလိုက်ရင် မပြန်ချင်တော့ဘူး။ အခုပြန်လာတော့လည်း ပုဂံကို ခဏ ခရီးထွက်တယ်၊ ပြီးတော့ မန္တလေးပေါ့ အဖေ့ကိုလည်း မတွေ့တာ ကြာတော့ အဖေ့ဆီ ခဏ ဝင်တွေ့လိုက်တယ်။ ခွင့်ကတော့ တစ်ပတ်ပဲ ရတာပါ’’ လို့ ဆိုပါတယ်။
Photo: phone Min Nay La
သူဟာ လက်ရှိမှာ ပညာရေးကို ဦးစားပေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် အနုပညာအလုပ်တွေ မလုပ်နိုင်သေးဘူးလို့ဆိုပါတယ်။ ကျောင်းသွားတက်နေတဲ့အချိန်မှာ အနုပညာအလုပ်တွေ တော်တော်များများကို စွန့်လွှတ်လိုက်ရပါတယ်တဲ့။
‘’ အခု ဟိုမှာ ကျောင်းသွားတတ်တော့ ကျွန်တော့်အတွက် အနုပညာအလုပ်တွေ အများကြီး လွတ်သွားတာတွေရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရယ်၊ ဇာတ်လမ်းတွဲ တစ်ခုရယ် လွတ်သွားတယ်ပေါ့နော်။ ဒါပေမယ့်လည်း ပညာရေးက ပိုအရေးကြီးပါတယ်။ ဒါလေးကို ဖိဖိစီးစီးလေး လုပ်သွားရင်တော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ရပါပြီ’’ လို့ သူကဆိုပါတယ်။
Photo: phone Min Nay La
ဘုန်းမင်းနေလက စင်ကာပူနိုင်ငံမှာရှိတဲ့ MDIS (Management Development Institute of Singapore) မှာ ကျောင်းတက်တာ ပြီးတော့မယ်လို့လည်း သိရပါတယ်။
‘’ ကျောင်းကတော့ တစ်နှစ်တက်ဖို့ ကျန်ပါသေးတယ်။ တစ်နှစ်ဆိုပေမယ့်လည်း Diploma ရဖို့အတွက် ၉ လလောက် ကျန်သေးတယ်။ အခုက ဒီကို ရက်ပိုင်းပဲ ခဏခွင့်ရလို့ ပြန်လာတာပါ။ အောက်တိုဘာလောက်မှာတော့ ခွင့် တစ်လ ရမယ်။ အဲဒီတော့မှ ကြာကြာနေလို့ရမှာ’’ လို့လည်း စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire (Fashion Show) ကိုတက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: phone Min Nay La
ဘုန်းမင်းနေလ( Phone Min Nay La)ကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာေ ရးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။ မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကလည်း သားကို အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျ်ားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ် ။