တိုင်းတစ်ပါးမှာ ပညာသင်ရင်း နေမကောင်းဖြစ်နေတဲ့ သူမအတွက် ပရိသတ်တွေလည်း စိတ်ပူလို့နေပါတယ်။ ပိုင်ဖြိုးသုဟာ New York Film Academy မှာ Action For Form ဆိုတဲ့ Class ကို တက်နေတယ်လို့ သိရပါတယ်။
Photo : ပိုင်ဖြိုးသု
ပိုင်ဖြိုးသုက ပညာသင်ယူနေချိန်မှာ နေမကောင်းဖြစ်လို့ စိတ်ညစ်လို့နေပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ရင်း နေမကောင်းဖြစ်နေတဲ့ သူမအတွက်လည်း ပရိသတ်တွေလည်း စိတ်ပူလို့နေပါတယ်။
“ဒေါ်သုကတော့ ဒီအခြေအနေဖြစ်သွားပြီ စိတ်အဆင်းရဲဆုံးကတော့ ကျောင်းပျက်ရတာပဲ” ဆိုပြီး သြဂုတ်လ(၁၆)ရက်နေ့ ညပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားပြီး ဆေးကုသမှု ခံယူနေရတဲ့ ပုံလေးကိုလည်း တင်ထားပါသေးတယ်။
Photo : ပိုင်ဖြိုးသု
သူမ နေမကောင်းဖြစ်နေပေမယ့်လည်း သူမရဲ့ ဘေးမှာ သူမကို အနီးကပ်စောင့်ရှောက်ပြုစုပေးတဲ့ သူတွေ ရှိနေတာ သူမအတွက် အရမ်းကံကောင်းတယ်ဆိုပြီး ပြောထားပါသေးတယ်။ ပရိသတ်တွေကလည်း သူမ အမြန်ဆုံး နေပြန်ကောင်းဖို့အတွက် ဆုတောင်းပေးထားကြပါသေးတယ်။
ပိုုင်ဖြိုးသုက New York Film Academy အနုပညာနဲ့ ပတ်သက်ပြီး သွားရောက်သင်ယူနေတာ ဖြစ်ပါတယ်။ ကျောင်းက သြဂုတ်လ(၅) ရက်နေ့ကတည်းက စတက်နေရတာ ဖြစ်ပါတယ်။
Photo : ပိုင်ဖြိုးသု
ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။