ကျောင်းသားဘဝက အမှတ်တရကို ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တိ့ု ဇနီးမောင်နှံက ကြည်ကြည်နူးနူးနဲ့ ပြောပြထားပါတယ်။ အူဝဲက အနုပညာအလုပ်တွေလုပ်ရင်း ကျောင်းသူဘဝကို ဖြတ်သန်းခဲ့ရပြီး ပြေတီဦးက စာတွေ အများကြီးကြိုးစားခဲ့ရပါတယ်တဲ့။
Photo: RBV
သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ က ကျောင်းသားဘဝ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောပြလာပါတယ်။ ပထမဆုံးအနေနဲ့ အိန္ဒြာကျော်ဇင်က အနုပညာအလုပ်တွေလုပ်ရင်း ကျောင်းတက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို မီဒီယာတွေကနေတဆင့် ပြောခဲ့ပါတယ်။
‘’ အစ်မက First Year မှာတင်ကို ဓာတ်ပုံရိုက်တာတို့၊ ဘာတို့ အနုပညာအလုပ်တွေ စလုပ်နေပြီဆိုတော့ ကျောင်းက တက်လိုက် ပျက်လိုက်နဲ့ပေါ့။ ပြီးတော့ သစ်ပုပ်ပင်ကြီးမှာလည်း ဓာတ်ပုံတွေရိုက်တာ အခါပေါင်း မြောက်မြားစွာ။ ကျောင်းမှာ Queen မဖြစ်ပါဘူး။ အစ်မက ဒီလောက်ရုပ်ဆိုးတာ အစ်မထက်လှတဲ့သူတွေ အများကြီးဘဲ။ Queen ဆိုတာ အနားတောင် မကပ်နိုင်ဘူး’’ လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။
Photo: Pyay Ti Oo
အဲဒီနောက် သရုပ်ဆောင် ပြေတီဦးကလည်း တက္ကသိုလ်ကျောင်းသားဘဝမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆက်လက်ပြောပြလာပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ရဲ့ မေဂျာ King တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
‘’ ဦးတီက King တကယ်၊ ကျောင်းမှာ King ရတယ်။ ကျောင်းမှာကျတော့ ကျွန်တော်က တအားကြီး မနောက်ဘူး။ ကျွန်တော်က ကျောင်းတက်ရတဲ့အချိန်ကလည်း နည်းတယ်လေ။ ကျောင်းမှာတော့ စာကြည့်စားပွဲမှာ ထိုင်ပြီဆိုတာနဲ့ မထတမ်း စာကျက်ရတာတွေများတယ်။ ရန်ကုန်မှာတုန်းကတော့ စတာနောက်တာ ရတယ်။ မန္တလေးရောက်တော့ မရတာပေါ့’’ လို့ ပြေတီဦးက ‘’အဓိပတိလမ်းမပေါ်က နဂ္ဂတစ်များ’’ ရုပ်ရှင်အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Pyay Ti Oo
ကျောင်းသူဘဝကို အနုပညာအလုပ်တွေလုပ်ရင်း ဖြတ်သန်းခဲ့ရတဲ့ အိန္ဒြာကျော်ဇင်ကလည်း ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။
‘’ လွမ်းစရာလားဆိုတော့လည်း လွမ်းစရာမဟုတ်ဘူး။ ဘယ်နေရာသွားလိုက် သွားလိုက် ဘယ်တော့မှ မရိုးတဲ့ နေရာလိုမျိုးပဲလို့ ခံစားရတယ်။ ကျောင်းကလေ ..နော်’’ လို့ အူဝဲက ဆက်လက် ဖြေဆိုခဲ့တာပါ။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်လို့နေပါပြီ။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။