ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေမှာ လုံခြုံရေးတိုးမြှင့်ဦးမှာပါ။

ရန်ကုန်တက္ကသိုလ်နယ်မြေနဲ့ သထုံလမ်းမှာ အမျိုးသမီးကျောင်းသူတွေကို မဖွယ်မရာပြုမှုတွေနဲ့ပတ်သက်ပြီး အရေးယူဖို့နဲ့ ဖော်ထုတ်ဖို့အတွက် တက္ကသိုလ်ဝန်းထဲက နေရာတွေမှာ CCTV တွေ တပ်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေသိရပါတယ်။



Photo - WiKipedia

CCTV တပ်ဆင်တာအပြင် ကျောင်းသွားကျောင်းပြန်အချိန်တွေမှာလုံခြုံရေးတိုးမြှင့်ကင်းလှည့်ပေးမယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောဆိုချက်ကို သမဂ္ဂအဖွဲ့ဝင်တစ်ဦးက Duwun ကိုပြောပြပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဆွေ့ဆုံဆွေးနွေးစဉ်မှာ ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်လောက်မှာ ကမာရွတ်တက္ကသိုလ်နယ်မြေအတွင်း သထုံလမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးပေါ်မှာရှိနေတဲ့ အမျိုးသားတစ်ဦးဟာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကို ကာယိအိနြေ္ဒပျက်ပြားအောင် မဖွယ်မရာလုပ်ပြနေတာကို ပညာရေးတက္ကသိုလ်မှ ကျောင်းသူ ၂ ဦးက မျက်မြင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

က်ရှိတော့ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမာရွတ်ရဲစခန်းကို သက်သေနဲ့တကွတိုင်တန်းခဲ့ပြီး အမြန်ဆုံးစုံစမ်းမှုတွေလည်းပြုလုပ်နေပါတယ်။ အခုလိုဖြစ်စဉ်မျိုးဟာ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်ပြီး ပြည်၊ ပုဂံ၊ တကောင်း၊ သံလွင်အဆောင်တွေမှာနေထိုင်တဲ့ ကျောင်းသူတွေ တွေ့ကြုံနေရတယ်လု့ိ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ် နယ်မြေကျောင်းတွင်းကျောင်းပြင်ပတွေမှာလည်း ကျောင်းသူတွေကို ကိုယ်ကာယအိနြေ္ဒပျက်ပြားအောင် ထိပါးနှောင့်ယှက်မှု၊ စနောက်မှု တွေ ဖြစ်ပွားနေတာကြောင်း တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကနေ အရေးယူပေးဖို့ တင်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က