City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Showပွဲမှာ ပါ။

စိုင်းစိုင်းခမ်းလှိုင် ကိုတော့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Showပွဲမှာ ဧည့်ခံကြိုဆို သူ တစ်ဦး အဖြစ် မြင်တွေ့နေရတာဖြစ်ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာ ဧည့်ခံကြိုဆိုသူ တစ်ဦးအနေနဲ့ တွေ့နေရပါတယ်။ ဧည့်ခံကြိုဆိုသူ စိုင်းစိုင်းကတော့ အလုပ်နဲ့ပတ်သက်လာရင် အမြဲတမ်း တက်တက်ကြွကြွ နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။



'' ကျွန်တော်ကတော့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာ ဧည့်ခံကြိုဆိုသူ အနေနဲ့ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီပွဲကြီးမှာတော့ ကျွန်တော်တို့ ဆုရသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ Frenzo Artists တွေ အားလုံး သီချင်းတွေ သီဆိုဖျော်ဖြေသွားမယ်'' လို့ City FM Page ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ နီးပါးက လွှင့်ခဲ့တဲ့ Live အစီအစဉ်မှာ ပြောပြခဲ့တာပါ။ 


City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး  ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီ ပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေ ကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆု ရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီး တစ်ပွဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က