ဘုဏ်းသိုက်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အသက် ၅ နှစ်ပြည့်သွားတဲ့ သမီးလေး မြမိုးဂင်္ဂါ ရဲ့ မွေးနေ့ အတွက် ရင်ထဲကလာတဲ့ ဆုတောင်းစကားတွေကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။
Photo: Hpone Thike
သရုပ်ဆောင် ဒါရိုက်တာဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ရဲ့ တစ်ဦးတည်းသော သမီးလေး မြမိုးဂင်္ဂါလေးဟာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အသက် ၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ သမီးလေးအတွက် ဖေဖေဘုဏ်းသိုက်ရဲ့ မွေးနေ့ဆုတောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
‘’ဇန်နဝါရီ ၂၃ သမီးလေး မြမိုးဂင်္ဂါ ၅နှစ်ပြည့်ပြီ။ အခုရွတ်ဆိုနေတဲ့ ပဋ္ဌန်းတရားတော်ရဲ့ တန်ဖိုးနဲ့ အနှစ်အသား..(အဆက်အစပ်) ကို သိသော၊ ကိုယ်တိုင် လိုက်နာကျင့်သုံးနိုင်သော သူ တစ်ယောက်အဖြစ် ငြိမ်းအေး သောစိတ်၊ ငြိမ်းအေးသော ခန္ဓာကိုယ်ကို သမီးလေး ဘဝ တစ်လျှောက်လုံး ပိုင်ဆိုင်ခွင့်ရပါစေ။’’ ဆိုပြီး ဇန်နဝါရီ(၂၂) ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Photo: Hpone Thike
အဲဒီနောက် ဘုဏ်းသိုက်ဟာ သမီးလေးကို ဖြစ်စေချင်တဲ့ သူ့ရဲ့ ဆန္ဒတွေကိုလည်း မွေးနေ့ ဆုုတောင်းထဲမှာ ဆက်လက်ပြောပြထားပါသေးတယ်။
‘’အခြားတစ်ပါးသောသူများ ပိုင်ဆိုင်ခွင့် ရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်တဲ့ မိန်းမကောင်း မိန်းမမြတ်ကလေးတစ်ယောက် ဖြစ်ပါစေ။ ဖေဖေ ဘုဏ်းသိုက်၂၂.ဇန်နဝါရီလ.၂၀၁၉။ ရန်ကုန်မြို့’’ လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။
Photo: Hpone Thike
မြမိုးဂင်္ဂါလေးကို ချစ်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။ လည်လွန်း၊ တက်လွန်းတာကြောင့်လည်း တစ်နေ့ ထက်တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးလေး ဆိုရင်လည်း မမှားပါဘူး။ သမီးလေး မြမိုးဂင်္ဂါကိုတော့ ဖေဖေ ဘုဏ်းသိုက်နဲ့ မေမေ ချမ်းချမ်းတို့က တစ်လှည့်စီ စောင့်ရှောက်ပေးနေကြတယ်လို့ သိရပါတယ်။
Photo: Hpone Thike
ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ပါတယ်။ အိမ်ထောင်သက် (၄)နှစ်ကျော်မှာ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။ အဆိုတော် ချမ်းချမ်းဟာ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတဲ့အကြောင်း ကြေညာခဲ့တာပါ။