မွေးနေ့အမှတ်တရအနေနဲ့တဲ့။

ခန့်စည်သူက ကျောက်ပန်းတောင်းဘိုးဘွား ရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက် လိုအပ်နေတဲ့ စက်ရေတွင်းနဲ့ ရေကန်အတွက် လိုအပ်တဲ့ ငွေတွေကို သွားရောက်လှူဒါန်းခဲ့တာပါ။ ဘာသာရေး လိုက်စားရုံသာမက အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ပါ။

 

Photo : ခန့်စည်သူ

ဒီနေ့(ဇွန်လ၁၁ရက်)နေ့က ခန့်စည်သူရဲ့ မွေးနေ့ပါ။ ခန့်စည်သူက သူ့ရဲ့ မွေးနေ့လေးမှာ အလှူအတန်းတွေ ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်။ ခန့်စည်သူဟာဆိုရင် ဒီနေ့မှာ ကျောက်ပန်းတောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက် လိုအပ်နေတဲ့ စက်ရေတွင်းနဲ့ ရေကန်အတွက် အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီလို သွားရောက်လှူဒါန်းတဲ့ နေရာမှာ မေတ္တာသင်္ဂဟအဖွဲ့ စက်ရေတွင်းအတွက် လှူဒါန်းခဲ့ပြီး ခန့်စည်သူကတော့ ရေကန်ဆောက်လုပ်ဖို့အတွက် အလှူငွေ (၂၅)သိန်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

Photo : ခန့်စည်သူ

ကျောက်ပန်းတောင်းဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက်လိုအပ်နေသောစက်ရေတွင်းကိုမေတ္တာသင်္ဂဟအဖွဲ့ကိုယ်စားလှူဒါန်း၍ ရေကန်ကို ယနေ့ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှုအစုစုတို့အား (၇)ရက်သား၊သမီးအပေါင်းတို့ကို မျှဝေပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ခန့်စည်သူ

ခန့်စည်သူဟာ မေတ္တာသင်္ဂဟအဖွဲ့ကို  တည်ထောင်ထားသူ တစ်ဦးဖြစ်လည်း ဖြစ်ပါတယ်။ သူတည်ထောင်ထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာဆိုရင် အနုပညာရှင်တွေလည်း ပါဝင်ထားကြပြီး လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက်လှူဒါန်းမှု ပြုနေတဲ့ အဖွဲ့ပါ။ ခန့်စည်သူဟာ အဲဒီအဖွဲ့နဲ့အတူ အလှူအတန်းတွေ စဉ်ဆက်မပြတ်ပြုလု ပ်နေလျက်ရှိပါတယ်။ မွေးနေ့မှာလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းနေတဲ့ ခန့်စည်သူကိုကြည့်ပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနေကြပါတယ်။

ခန့်စည်သူဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပြီး ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုလ်တိုနဲ့အတူ တည်ထောင်ထားတဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပါတယ်။

Share

Loading Next Article...
က္က