အုပ်စုတွင်းပြိုင်ဘက်အသင်းအားလုံးကို သတိထားကစားရမှာဖြစ်တယ်လို့လည်း ဂျပန်နည်းပြချုပ်က ဆိုသွားခဲ့ပါတယ်။
PHOTO : MFF
ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်က အရေးပါဆုံးပွဲဖြစ်လာမယ် လို့ မြန်မာ့လက်ရွေးစင်နည်းပြချုပ်က ဝန်ခံခဲ့ပြီး ထိပ်တန်းကစားသမားကောင်းတွေနဲ့ဖွဲ့ စည်းထား ပေ မယ့်ပရိသတ်တွေကျေနပ်စေမယ့် ရလဒ်ထွက်ပေါ်လာဖို့အတွက် အားစိုက်သွားမှာဖြစ်တယ်လို့ ဒီကေ န့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်တွင် မွန်ဂိုလီးယားအသင်းကို ရင်ဆိုင်ခဲ့ရမှာ ခြေစွ မ်းပိုင်းအရ အကောင်းဆုံးပုံစံရှိနေခဲ့ပေမယ့်လည်း ရလဒ်ပိုင်းအရ အရေးနိမ်ခဲ့တဲ့အတွက် ပရိသတ်အ ချို့ ရဲ့အားမလိုအားမရဖြစ်နေခဲ့တာနဲ့ပတ်သက်ပြီး နည်းပြချုပ်ရာဂျူလိုဗစ်က အခုလိုမှတ်ချက်ပြုပြော ကြားခဲ့တာလည်းဖြစ်ပါတယ်။
“ မွန်ဂိုလီးယားကို အရေးနိမ့်ခဲ့တယ်ဆိုပေမယ့် စင်ကာပူကိုအနိုင်ရခဲ့တဲ့ပွဲစဉ်ကေ နကစားပုံပိုကောင်း ခဲ့ ပါတယ်။ ဒါပေမဲ့ ဂျပန်အသင်းက တကယ်ကိုကစားသမားကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့အသင် းတစ် သင်းဖြစ်လို့ ခက်ခဲတဲ့ပွဲတော့ဖြစ်လာမှာပါ။ သေချာတာတစ်ခုကတေပေမယ့် မြန်မာပရိသတ်တွေကျေ နပ်မယ့် ရလဒ်ထွက်အောင် ကြိုးစားသွားမှာပါ ” လို့ မြန်မာ့လက်ရွေးစင်နည်းပြချုပ်ရာဂျူလိုဗစ်က ဆို ပါ တယ်။
မြန်မာအသင်းကိုရင်ဆိုင်မယ့် ဂျပန်လက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲရဲ့ အုပ်စု(စ)မှာအင်အားအတော င့်တင်းဆုံးအသင်းအဖြစ်ရှိနေခဲ့တာဖြစ်ပြီး အခုပွဲမတိုင်မီတွင်လည်း တောင်အမေရိကထိပ်သီးအသင် း တစ်သင်းဖြစ်တဲ့ ပါရာဂွေးအသင်းကို ခြေစစ်းပွဲစဉ်တွင် အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။
“ မြန်မာအသင်းကစားပုံကို သေချာလေ့လာထားပါတယ်။ အုပ်စုတွင်းအသင်းတိုင်းက ပြိုင်ဘက်ကော င်းတွေချည်းပါပဲ။ မြန်မာအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်လို့ ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်လာ မှာပါ။ ဘောလုံးဆိုတဲ့အရက ဘာမဆိုဖြစ်လာနိုင်လို့ ရလဒ်ပိုင်းကို မပြောလိုသလို သေချာတာကတော့ ကျွန်တော်တို့သေချာပြင်ဆင်ထားတယ်ဆိုတာပါပဲ” လို့ ဂျပန်နည်းပြချုပ်မိုရီရာစုက သုံးသပ်ဖြေဆိုခဲ့ပါတယ်။
PHOTO : MFF
ဂျပန်အသင်းဟာ မြန်မာအသင်းနဲ့ရင်ဆိုင်ဖို့အတွက် ပွဲထွက်လူစာရင်းကို ဒီကနေညနေပိုင်းကပြုလုပ်ခဲ့ တဲ့ လေ့ကျင့်ရေးအစီအစဉ်အပေါ်အခြေခံပြီး ပွဲကစားဖို့လုံလောက်တဲ့အခြေအနေရှိတဲ့ ကစားတွေကို သာ ပွဲထွက်ကစားသမားအဖြစ်အသုံးပြုသွားဖို့လည်းရှိနေပါတယ်။