လယ်သမားတွေကိုုချေးငွေထုတ်ပေးရာမှာ အတိုးနှုန်းရယူခဲ့တာပါ။

လယ်သမားတွေကို ချေးငွေထုတ်ပေးရာမှာ အတိုးနှုန်း ၇ သိန်းကျော်ကို ကိုယ်ကျိုးအတွက် ရယူခဲ့တဲ့ မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်ကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မေလ ၂၁ ရက် မှာသတင်းထုတ်ပြန်ပါတယ်။

Photo- ACC Myanmar

တောင်သူလယ်သမားတွေရဲ့ စပါးရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာမှာ စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်ဟာ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေအပေါ် အခွင့်ကောင်းယူပြီး လာဘ်ငွေရယူ အဂတိလိုက်စားနေတာကို အရေးယူပေးဖို့အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရာ ဒေါ်မာလာတင်က လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦးရဲ့ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးရေးစရိတ် ချေးငွေ ၁၈၉ သိန်း ကျော်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ က မြန်မာ့စီးပွားရေးဘဏ်ကို ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ အဆိုပါ တောင်သူ ၁၄ ဦးကို မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေသစ်ထုတ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ဖို့ ကျန်တဲ့ တောင်သူ ၁၁ ဦးရဲ့ တစ်ဦးချင်း ပြန်လည်ပေးဆပ်တဲ့ ချေးငွေ ၁၅၄ သိန်းကျော်နဲ့ ငါးရာခိုင်နှုန်းအတိုး ၇သိန်း ကျော်ကို ဒေါ်မာလာတင်က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။လယ်

ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ငါးရာခိုင်နှုန်း အတိုး ၇ သိန်းကျော်ကို ကိုယ်ကျိုးအတွက် ရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာကြောင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (လက်ရှိ ကျောင်းကုန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသူ) ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခဲ့တာလို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က