အဲဗာတန်က လီဗာပူးလ်ဖလားရမယ့်အရေးကို နှောင့်နှေးစေခဲ့ပါတယ်။

မာဆေးဆိုက်ဒါဘီပွဲကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲအများစုကို သရေကျခဲ့တဲ့အတိုင်း မနေ့ကပွဲမှာလည်း သရေနဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ 


အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် လီဗာပူးလ်အသင်းနောက်ခံလူဗန်ဒိုုက်က သူတို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ နောက်ထပ်ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ မာဆေးဆိုက်ဒါဘီပွဲကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲအများစုကို သရေကျခဲ့တဲ့အတိုင်း မနေ့ကပွဲမှာလည်း သရေနဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ 

၃လကျော်အတွင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ကစားခဲ့ရတဲ့ ပွဲဖြစ်လို့လည်း လီဗာပူးလ်ကစားသမားတွေမှာ အားနည်းချက်တွေရှိခဲ့ပြီး အဲဗာတန်ကို အနိုင်ယူဖို့အတွက် လုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်ကတော့ မြို့ခံပြိုင်ဘက်လီဗာပူးလ်အသင်း ချန်ပီယံစောစောစီးစီးဖြစ်ခွင့်ရမယ့် အနေအထားကိုတော့ ဟန့်တားသွားနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ လက်ရှိမှာတော့ မန်စီးတီးကို ၂၃မှတ်ဖြတ်တောက်ထားပြီး ဒီနေ့ညကစားမယ့်ပွဲမှာ မန်စီးတီးသာ အနိုင်ရခဲ့မယ်ဆိုရင်လည်း ရမှတ် ၂ဝအထိ ကွာဟနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် စောစောစီးစီးချန်ပီယံဖြစ်ခွင့်ရမယ့် အနေအထားကိုတော့ မရယူနိုင်ခဲ့ဘဲ နောက်ထပ်ပွဲအနည်းငယ်စောင့်ဆိုင်းသွားရဖို့ ရှိနေခဲ့ပါတယ်။ 

"ဒီလိုအနေအထားမျိုးက ပြောဆိုခက်ခဲပါတယ်၊ အရမ်းပြင်းထန်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်၊ နှစ်သင်းစလုံး အခွင့်အရေးအနည်းငယ်ဖန်တီးနိုင်ခဲ့ကြပြီးတော့ တွမ်ဒေးဗီးစ်ရဲ့အခွင့်အရေးက သူတို့အတွက်အကြီးမားဆုံးဖြစ်ပါလိမ့်မယ်၊ အခွင့်အရေးအနည်းငယ် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပြီး ဘောလုံးကိုင်ကစားနိုင်ခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး"

"ဒါပေမယ့် ဒီလိုပြန်ကစားရလို့ အားလုံးပျော်ရွှင်နေမယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ အရေးမနိမ့်ခဲ့ပါဘူး၊ ဒီအတွက် ကျွန်တော်တို့သွားချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ နောက်ထပ်ခြေတစ်လှမ်းကို လှမ်းနိုင်ခဲ့ပါတယ်" လို့ ဗန်ဒိုက်က Sky Sports ကို ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ လက်ကျန် ၉ ပွဲမှာ၂ ပွဲ အနိုင်ရတာနဲ့ ချန်ပီယံဖြစ်မှာဖြစ်ပြီး သရေကျခဲ့တာကြောင့် နောက်ထပ်တစ်ပွဲစောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က