Photo- Yangon Police
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကမာရွတ်မြို့နယ်၊ အင်းယားလမ်းမှာရှိတဲ့ နေအိမ်တစ်လုံးကနေ မြကျောက်တွေ အပါအဝင် ၁၀ ကျပ်သားကျော်တဲ့ ရွှေဘယက်တစ်ခု၊လေးထောင့်ပုံ ရွှေကွင်း ၂ ကျပ်သားတို့ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။
ပျောက်ဆုံးတဲ့ ပစ္စည်းတန်ဖိုးဟာ စုစုပေါင်းတန်ဖိုးငွေ (၄၆၅၀၀၀၀၀) ကျပ်ဖြစ်ပြီး ရတနာပစ္စည်းများခိုးယူသွားသူအား အရေးယူပေးပါရန်ကမာရွတ်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့သိရပါတယ်။
ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်း စစ်ဆေးရာမှာ ပြစ်မှုကျူးလွန်သူဟာယခင်က ပြစ်ချက် ဟောင်းရှိပြီး အင်းစိန်ဗဟိုအကျဉ်းထောင်က မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အတတ်သင်စခန်းများတွင် ပြစ်ဒဏ်ကျခံ နေရာမှ ထွက်ပြေးလာတဲ့ ရဲဘက်ပြေး သက်နိုင်ဝင်း(ခ)ကိုသက်(ခ)ငချိ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။
အဲ့ဒီနောက် ပြစ်မှုကျူးလွန်သူ ကိုဖမ်းဆီးရမိရေးအတွက်စုံးစမ်းခဲ့ရာမှာရွှေပြည်သာမြို့နယ်က ယောက်ဖဖြစ်သူထွန်းမင်းလတ် နှင့်အတူနေထိုင် ကြောင်း သိရှိရသဖြင့် လိုက်လံဖမ်းဆီးစဉ်မတ်လ ၂၃ ရက်နေ့က အင်းစိန်မြို့နယ်၊လေးထောင့်ကန် စံပြရပ်ကွက် အတွင်းကတည်းခိုခန်းတစ်ခန်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
သူတို့ကိုစစ်ဆေးရာမှာ ခိုးယူလို့ ရရှိခဲ့တဲ့ ရတနာပစ္စည်းတွေကိုထွန်းမင်းလတ်က ထုခွဲရောင်းချရောင်းချပေးပြီး ဆိုင်ကယ်(၂)စီး၊ ဖုန်း(၁)လုံးတို့ကို ဝယ်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ထုခွဲရောင်းချခဲ့တဲ့ သက်သေခံရတနာပစ္စည်းများအား ပြန်လည်သိမ်းဆည်းနေပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေစကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။