တည်ကြက်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရေကူးရတဲ့ ဇာတ်ဝင်ခန်းကို သဘောကျတယ်လိို့ဆိုပါတယ်။ ရေကူးနေတဲ့အချိန်တုန်းက အပေါ်တောင်ပြန်မတက်ချင်လောက်အောင်ပါပဲတဲ့။
Photo: တည်ကြက်ဖေ့စ်ဘွတ်
နန်းခင်ဇေယျာက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသတော့မယ့် တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့အကြိုက်ဆုံး ဇာတ်ဝင်ခန်းထဲက အမှတ်တရတွေကိုလည်း သဘောကျ ရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။
'' ရေကူးရမယ်ဆိုတာ နန်းခင်တို့ ကြိုမသိခဲ့ဘူး။ အဲ့ဒီရောက်မှပဲ သိတဲ့အခါကျတော့ အဲ့ဒီမှာ နေကလည်းပူတယ် ရေကန်ထဲဝင်ရတဲ့ အချိန်မှာ ရေကလည်း တော်တော်အေးစိမ့်ပြီးတော့ ချိုးလို့ကောင်းတယ်။ ကိုယ့်ကိုယ်ကိုလည်း ရုပ်ရှင်ရိုက်နေတယ်လို့ မထင်ပဲနဲ့ ရေကူးနေကြ တာ။ ဒါရိုက်တာက ပြီးပြီ တက်လာကြ ဆိုတာတောင် မတက်ပဲနဲ့ ဆက်ကူးနေကြသေးတာ''လို့ ဆိုပါတယ်။
Photo:နန်းခင်ဇေယျာ ဖေ့စ်ဘွတ်
ဒီဇာတ်ကား ရုံမတင်ခင်မှာလည်း ပါဝင်ထားကြတဲ့ မင်းသမီးချောလေးတွေက တည်ကြက် Facebook Page ကနေ တဆင့် Live လွှင့်ပြီး အမှတ်တရ စကားတွေ ပြောပြခဲ့ပါသေးတယ်။
'' ဒီဇာတ်ကားထဲမှာ ယဉ်လတ်ရဲ့ ဖိုက်တင်ခန်းတွေကလည်း အရမ်းမိုက်တယ်၊ အဲ့ဒီမှာ နဖူးနဲ့ ဇက်ထိပြီး တော်တော်နာသွားတာ'' လို့ နန်းခင်ဇေယျာက ပြောပါတယ်။ အဲ့ဒီနောက် ချောကလျာ ကလည်း'' ဒီဇာတ်ကားမှာ မင်းသမီးတွေ အကုန်လုံးကအလှခန်းတွေ မပါဘူး။ တောထဲမှာ ရိုက်ထားတာဆိုတော့ မိတ်ကပ်တွေတောင် မလိမ်းရဘူး။ ချော ဆို မိတ်ကပ်တွေတောင်ကွက်တယ်'' လို့ ဆိုပါတယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
ထူးထူးခြားခြားအနေနဲ့ ဒီဇာတ်ကားထဲမှာ နန်းခင်ဇေယျာကို အနီရောင် ဖက်ရှင်ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ တည်ကြက်ရုပ်ရှင် ဇာတ်ကားကြီးကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းမှာ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးပြီး လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ် ရေးက ထုတ်လုပ်ခဲ့တာပါ။ ဒီဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါသေး တယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
တည်ကြက် ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၅ ရက်နေ့ ဆိုရင် ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားထဲမှာ နေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ကြယ်ဖြူရှင်းသန့်၊ ချောကလျာ နှင့် သရုပ်ဆောင်များစွာပါဝင် သရုပ်ဆောင်ထားပါတယ်။