ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မျက်စိကုသမှုခံယူနေရတဲ့ အေးသောင်းရဲ့ မျက်စိအခြေအနေအရ ဆေးကုသမှု ဆက်လက်ခံယူ နေရ တုန်းလို့ အေးသောင်းရဲ့ အဖေက ဦးဂျိုးဇက်မြင့်အောင်က ပြောပါတယ်။ ဒီ မျက်စိဝေဒနာက မိန်းကလေးတွေမှာ အဖြစ် နည်းတဲ့ ဝေဒနာလို့ သိရပါ တယ်။
Photo: Aye Thaung facebook
သရုပ်ဆောင် အေးဝတ်ရည်သောင်း ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မျက်စိသွားရောက်ကုသလျှက်ရှိပါတယ်။ အေးသောင်းရဲ့ မျက်စိ အခြေအနေဟာ အမျိုးသမီးတွေမှာ အဖြစ်နည်းတဲ့ အနေအထားဖြစ်ပြီး ဒီလို မျက်စိဝေဒနာမျိုးဟာ ယောကျ်ားလေးတွေမှာသာ အများဆုံး ဖြစ်တတ်တဲ့ရောဂါဖြစ်တယ်လု့ိ မအေးသောင်းရဲ့ အဖေက အခုလိုပြောပြထားပါတယ်။
'' ဒီလိုမျိုးအဖြစ်အပျက်မျိုးက ယောင်္ကျားလေးတွေမှာဘဲအဖြစ်များပါတယ်။ မိန်းကလေးတွေ မှာတော့အဖြစ်နည်းကြပါတယ်။ အဲ့ဒီထဲကမှ ကံဆိုးပြီး သမီးလေးဆီမှာဖြစ်နေတော့ ဘယ်တတ်နိုင်မလဲ။ သမားတော်ကြီး တွေမှာကြားတဲ့အဓိက အချက်တွေ ကတော့ Facebook ကြည့်တာလျော့ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ မီးထိုး မှန်ထိုးတွေ များတဲ့ ကားရိုက်ဓါတ်ပုံ ရိုက်တွေ နားထားပါ။ လေ့ကျင့်ခန်းပြင်းပြင်ထန်ထန် မလုပ်ပါနဲ့။ စိတ်ခံစားမှု Stress တွေလျော့ပါ လို့ မျက်စိအထူးကု သမားတော်ကြီး တွေကမှာကြားထားပါတယ်'' လို့ဆိုပါတယ်။
Photo: Aye Thaung facebook
အေးသောင်းဟာ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ သူ့ရဲ့ မျက်စိဝေဒနာဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်သလို နာကျင်ခံစားနေရတဲ့ ဝေဒနာမျိုးလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီဝေဒနာပျောက်ကင်းဖို့အတွက် ဆေးသောက်ပြီးကု လည်းမရသလို ဆေးထိုး ကုသလို့လည်း မရဘူးဆိုတာကို စက်တင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီက အေးသောင်းအဖေရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားထားပါတယ်။
'' ရောဂါ မဟုတ်ပါဘူး။ ရောဂါမဟုတ်တဲ့အတွက်ဝေဒနာမခံစားရပါဘူး။ ကူးစက်တတ်တဲ့ရောဂါမဟုတ်ပါဘူး ။ ကုသရင်းနဲ့တော့ ပျောက်နိုင် ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကုသဖို့ဆေးမပေါ်သေးပါဘူး။ ဆေးသောက် ဆေးထိုးနဲ့မပျောက်နိုင်ပါဘူး။ သောက်ဆေးထိုး ဆေးမပေါ် သေးပါဘူး။ နောက်ဆုံးအဆင့် Laser ပစ်ရပါမယ်။တကယ်လို့ အလည်တည့်တည့်မှာရေဝပ်နေရင်ပစ်လို့မရပါဘူး''လို့ဆိုပါတယ်။
Photo: Aye Thaung facebook
ဘန်ကောက်မှာ မျက်စိကုသမှုခံယူနေရတဲ့ မအေးသောင်း
ထိုင်းနိုင်ငံက သမားတော်ကြီးတွေရဲ့ ညွှန်ကြားချက်တွေကိုလည်း အေးသောင်းက အနည်းအကျဉ်းသာ လိုက်နာလေ့ရှိတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဝါသနာပါတဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေအတွက် ဦးစားပေး လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
''လူနာရှင်ကိုယ်တိုင်အထက်ပါ သမားတော်ကြီးများမှာကြားတဲ့အတိုင်း နေထိုင်နိုင်မှ၊ အချိန်ယူမှ တဖြည်းဖြည်းနဲ့ ပျောက်မှာပါ။ အချိန်မရွေး လည်း ပြန်ဖြစ်နိုင်ပါတယ်။ အချိန်မရွေးလဲပျောက်သွားနိုင်ပါတယ်။သမားတော်ကြီးတွေမှာထားတဲ့အတိုင်းသူ အေးသောင်း ကတော့တစ်ခု မှမလျော့ခဲ့ပါဘူး။ အလုပ်လုပ်ရင်လောဘကြီးတယ် ကြိုးစားတယ် Customerတွေလိုအပ်ချက်ကိုအမြဲဦးစားပေးကြည့်တယ်'' လို့ဆိုပါတယ်။
Photo: Aye Thaung facebook
Joseph Myint Aung ဟာ သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီး ၃ ယောက်စလုံးက လေးစားချစ်ခင်ရတဲ့ ဖခင်ပါ။ သမီး ၃ ယောက် အထဲမှာမှ မအေးသောင်းရဲ့ အကြောင်းတွေကို ရေးသားထားတာ ဖြစ်ပါ တယ်။