သနားပါတယ်။

ကျန်းမာရေးမကောင်းတဲ့ သူမအတွက် ဘန်ကောက်မှာ ခဏခဏဆိုသလို သွားပြီး ဆေးကုသမှု ခံနေရတာလည်း ဖြစ်ပါတယ်။



Photo : ရွှေမှုံ FB

 

သရုပ်ဆောာင် ရွှေမှုံရတီတစ်ယောက် ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးမကောင်းတဲ့ သူမအတွက် ဘန်ကောက်မှာ ခဏခဏဆိုသလို သွားပြီး ဆေးကုသမှု ခံနေရတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်လည်း ဆေးကုသမှု ခံယူဖို့အတွက် ဘန်ကောက်မှာ ရောက်နေပြီဖြစ်ပါတယ်။

ဘန်ကောက်သွားမယ့်အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် Stories ကနေ ပရိသတ်တွေကို ပြောပြထားပါတယ်။

 

ယခုနောက်ပိုင်းမှာ ရွှေမှုံဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဖေ့စ်ဘွတ် Wall ပေါ်မှာ တင်လေ့သိပ်မရှိတော့ပါဘူး။ သူမရဲ့လှုပ်ရှားမှုတိုင်းကို ဖေ့စ်ဘွတ် Stories ကနေ ပြောပြလျက်ရှိတာတွေကရပါတယ်။ ဆေးရုံတက်နေရတဲ့ သူမဟာ စက်တင်ဘာ (၂၉) ရက်နေ့က လက်ရှိမှာ သူမခံစားနေရတဲ့ အကြောင်းလေးကို Stories လေးမှာ ဗီဒီယိုလေးနဲ့ တင်ထားတာတွေ့ရပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ သူမအတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : ရွှေမှုံ FB

ရွှေမှုံရတီဟာ လတ်တလောမှာ အရမ်းကို စိတ်ချမ်းသာနေပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူတစ်ယောက် ရရှိထားတာကြောင့် သူမပျော်နေတာ တွေ့ရပါတယ်။တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ကို ခံနေရတာလည်း ဖြစ်ပါတယ်။

သူတို့နှစ် ယောက်ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေရဲ့ ကြားထဲမှာ ဝေဖန်မှုကော အားပေးမှုရော အပြင်းထန်ဆုံးလို့ ပြောရမှာပါ။ သူတို့ နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရှိသလို ဝေဖန်ကြတဲ့ သူတွေကလည်း ထုနဲ့ထေးပါ။ ဒါပေမယ့် သူတို့ နှစ်ယောက် ကတော့ အဲ့ဒီဝေဖန်မှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး ဘာကိုမှ ဂရုမစိုက်ပဲ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြိး ရှေ့ဆက်လျှောက် နေသူ တွေလည်း ဖြစ်ပါတယ်။

 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : ရွှေမှုံ FB

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က