ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပုံမှန်ခြေစွမ်းသာရှိနေခဲ့တဲ့ ပီပီအပေါ် ဝေဖန်နေကြတာပါ။
အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မာတင်ကီအွန်အနေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင်ေြ ခ စွမ်းပြကစားခဲ့တဲ့ လူငယ်ကစားသမားတွေကိုချီးကျူးခဲ့ပြီး ငွေကုန်ကြေးကျများခဲ့တဲ့ တောင်ပံကစား သမား ပီပီထက် လူငယ်ကစားသမားတွေက ပိုကောင်းခဲ့တယ်လို့ ပွဲအပြီးမှတ်ချက်ပြုမှုကို Dailymail ကဖော်ပြလာပါတယ်။
တောင်ပံကစားသမားပီပီအနေနဲ့ လိုင်လီအသင်းကနေ ပေါင် ၇၂သန်းနဲ့ပြောင်းရွှေ့လာခဲ့သော်လည်း လက်ရှိအချိန်အထိအသင်းအတွက် ဂိုးရယူပေးနိုင်ခြင်းမရှိသလို ပုံမှန်ခြေစွမ်းတွင်သာရှိနေခဲ့တဲ့အတွက် အာဆင်နယ်ကစားသမားဟောင်းတွေအပြင် ပရိသတ်အချို့ကပါ ဝေဖန်နေတာလည်းဖြစ်ပါတယ်။
“ ပီပီရဲ့ ကစားပုံကို အားလုံးမြင်ကြမှာပါ။ အသင်းကြီးတစ်သင်းရဲ့ ကစားသမားတစ်ယောက်မှာရှိသင့် တဲ့ ခြေစွမ်းရှိတာကတော့ ပေါင် ၇၂သန်းပေးချေခဲ့ရလို့ လက်ခံရမှာပါ။ ဒါပေမဲ့ ဒီညပွဲမှာတော့ လူငယ် ကစားသမားတွေက ပီပီထက် ပိုကောင်းခဲ့တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး ” လို့ မာတင်ကီအွန်က မှတ်ချက်ပြုခဲ့တာပါ။
ပီပီအနေနဲ့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲကစားပေးခဲ့ပြီး ယူ ရိုပါလိဂ်ပွဲစဉ် ၁ပွဲပါကစားပေးပြီးတဲ့အချိန်အထိ ပထမဦးဆုံးသွင်းဂိုးရရှိခဲ့ခြင်းမရှိသေး တာလည်း ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်-၁အဖြစ် ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲက ဆီမီးဖိုင်နယ်အ ဆင့် အထိရောက်ခဲ့တဲ့ ဂျာမနီကလပ်ဖရန့်ဖတ်အသင်းကို အူဘာမီယန်၊ လူငယ်ကစားသမားေ တွဖြစ်တဲ့ ဝယ်လော့ခ်၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။