အန်ဇို၊ ကိုင်စီဒိုတို့နဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကို ရွေးချယ်တဲ့နေရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ရကြောင်း ပြောကြားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အသင်းပိုင်ရှင် တော့ဒ်ဘိုလေကြောင့်ဖြစ်တယ်လို့လည်း ပိုချက်တီနိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။



ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာခဲ့ပြီး ချဲလ်ဆီးကလည်း အပြောင်းအရွှေ့ရာသီတစ်လျှောက်မှာ ကြယ်ပွင့်တွေကို ငွေပုံပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေက တိုးတက်လာခြင်းမရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် ပိုချက်တီနိုကတော့ ချဲလ်ဆီးမှာ သတိကြီးကြီးထား ဆောင်ရွက်နေပုံရပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ နိုင်ငံပွဲတွေကနေ နောက်ကျမှ ပြန်ရောက်လာပြီး ပွဲပန်းနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ကို ပိုချက်တီနိုက အသုံးပြုခဲ့ရပါတယ်။
ဒီကစားသမားနှစ်ယောက်စလုံးက ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဝန်းကျင်နဲ့ ခေါ်ယူခဲ့ရတဲ့ ကစားသမားတွေဖြစ်ပါတယ်။​ ဒီအပေါ်မှာ ပိုချက်တီနိုက “တောင်အမေရိက,ကနေ ဗုဒ္ဓဟူးနေ့ကမှ ပြန်ရောက်လာပြီး စနေနေ့မှာ ပွဲဝင်ကန်ရတာက ကစားသမားတွေအတွက် ရူးလောက်စရာပါ။ ဒါပေမယ့် ကျွန်တော်က သူတို့ကို ကောင်းပြီ။ မင်းတို့ အနားယူကြ၊ မကစားနဲ့ဆိုရင်လည်း....”
“ခင်ဗျားတို့က ကျွန်တော့်ကို သတ်ကြဦးမှာပါ။ အသင်းပိုင်ရှင်ကလည်း ကျွန်တော့်ကို သတ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ​ရက်သတ္တပတ်မှာ အာဂျင်တီးနားအတွက် နှစ်ပွဲစလုံး ပါဝင်ကစားပေးခဲ့သလို ကိုင်စီဒိုကလည်း နှစ်ပွဲစလုံးမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က