မေလ ၇ ရက်နေ့မှာ ထောင်က ပြန်လွတ်လာပြီဖြစ်ပါတယ်။

မိုးအောင်ရင်က ထောင်က ပြန်လွတ်လာပြီးတဲ့အချိန်မှာတော့ သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးသူတွေကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။ သူ့အတွက် အနုပညာမောင်နှမတွေရော၊ ပရိသတ်တွေကပါ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Aung Yin

မေလ ၇ ရက်နေ့ မှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မိုးအောင်ရင်က သူ့ရဲ့ ကျေးဇူးရှင်တွေကို ဂါရဝပြုနေတာ တွေ့ရပါတယ်။

‘’သားကိုချစ်တဲ့ ခင်ရာဆွေမျိုးများနဲ့ ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ပါတယ်။ ကန်တော့ရမယ့်ကျေးဇူးရှိသူတွေ အများကြီးကျန်ပါသေးတယ် စိတ်ထဲက မှန်းကန်တော့ပါတယ်’’ ဆိုပြီးတော့ မေလ ၇ ရက်နေ့ ညနေ ၂ နာရီ ၂၄ မိနစ်က ဦးအောင်ရင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ မိုးအောင်ရင်အတွက် အနုပညာ ညီအစ်ကို မောင်နှမတွေ အားလုံးကလည်း ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဦးအောင်ရင်ရဲ့ Post အောက်က Comment ကနေတဆင့်ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေပြောထားကြပါသေးတယ်။သရုပ်ဆောင်မိုးအောင်ရင်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးမှမူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုသုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးကမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ -၁၉ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခဲ့တာကြောင့် စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

Photo: Aung Yin

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က