တစ်ပတ်လုပ်ခပေါင် ၅၂၀၀၀ နဲ့ ကမ်းလှမ်းခဲ့တာပါ။

ဆေးလ်ဗားဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းနှစ်သောင်းအထိ ရရှိနေသူဖြစ်ပြီး လာဇီယိုမှာတော့ အဆိုပါလစာငွေထက် အများကြီးလျော့နည်းမှာဖြစ်ပါတယ်။ 


စီးရီးအေကလပ်လာဇီိယိုအသင်းဟာ မန်စီးတီးကနေ ထွက်ခွာမယ့် ကွင်းလယ်လူဒေးဗစ်ဆေးလ်ဗားကို တစ်ပတ်လုပ်ခပေါင် ၅၂၀၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသောဆွဲဆောင်မှုတွေအဖြစ် ကိုယ်ပိုင်ဂျက်လေယာဉ်၊ ဇိမ်ခံအိမ်တစ်လုံးကို စီစဉ်ပေးမယ်လို့လည်း စာချုပ်ထဲမှာ ထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။ 

စပိန်ကွင်းလယ်လူဟာ မန်စီးတီးမှာ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီးနောက် အီတီဟတ်စ်ကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဆေးလ်ဗားကတော့ တစ်ပတ်လုပ်ခပေါင် ၈၆၀၀၀ အထိ အလိုရှိနေတယ်လို့သိရပြီး လုပ်ခလစာက နှစ်ဦးနှစ်ဖက်ကြားမှာ အဓိက ညှိနှိုင်းရမယ့်အခြေအနေမျိုးမှာ ရှိနေတယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။

ဆေးလ်ဗားအတွက် ခရီးသွားလာရာမှာ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ရောမမြို့လယ်ခေါင်မှာ ဇိမ်ခံအိမ်တစ်လုံးတို့ကို လာဇီယိုက စီစဉ်ပေးမယ်လို့ သိရပြီး ဒီအချက်ကတော့ ဆွဲဆောင်နိုင်ဖွယ်ရာရှိနေပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခပေါင်နှစ်သိန်းနှစ်သောင်းအထိ ရရှိနေသူဖြစ်ပြီး လာဇီယိုမှာတော့ အဆိုပါလစာငွေထက် အများကြီးလျော့နည်းမှာဖြစ်ပါတယ်။ 

လက်ရှိမှာ ဆေးလ်ဗားက မန်စီးတီးအတွက် ချန်ပီယံလိဂ်ပွဲစဉ်တွေကို ပါဝင်ကစားပေးသွားဦးမှာဖြစ်ပါတယ်။ မန်စီးတီးနဲ့အတူ အမှတ်ပေးဖလား ၄လုံး၊ အက်ဖ်အေဖလား ၂လုံး နဲ့ လိဂ်ဖလား ၅ လုံးတို့ကို ဆေးလ်ဗားက ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က