လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် စိုးရိမ်နေခြင်းမရှိတာဖြစ်ပါတယ်။
ယာဂင်ကလော့ပ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်က ကစားပုံကြောင့် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပေမယ့် ဂိုးမရှိသရေကျခဲ့တာဟာ လုံးဝအဆင်ပြေကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အထက်မြက်ဆုံးတိုက်စစ်လို့ မှတ်ယူခြင်းခံထားရတဲ့ လီဗာပူးအသင်းကို အန်းဖီးလ်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဆာလာနဲ့ မာနေးတို့ဟာ ဂိုးသွင်းခွင့် အသီးသီးရရှိခဲ့ပေမယ့် အဆုံးသတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ပါဘူး။
လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းအိမ်ကွင်းမှာ ကစားရမယ့်ဒုတိယအကျော့ကို မဖြစ်မနေအနိုင်ကစားနိုင်မှသာ နောက်တဆင့် တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ပိုကောင်းကောင်းကစားနိုင်တယ်။ ပိုကောင်းကောင်းကစားနိုင်ခဲ့သင့်တယ်”
“ဒီပွဲဟာ ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၂ ဖက်စလုံးရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကျွန်တော် မမှတ်မိတော့ပါဘူး”
“ပွဲကမပြီးသေးပါဘူး။ ဒုတိယအကျော့မှာ အသုံးပြုနိုင်မယ့် အခြေခံတစ်ခုကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ရလဒ်အတွက် အမြင်ကတော့ လုံးဝအဆင်ပြေပါတယ်”
“မျှော်လင့်ခဲ့တဲ့ ရလဒ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကလည်း ကောင်းမွန်တဲ့ရလဒ်တစ်ခုပါ။ အဲဒီရလဒ်နဲ့ ကျွန်တော်တို့ အလုပ်လုပ်နိုင်ပါတယ်”
“အရာတော်တော်များများက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ထက်မြက်တဲ့ပြိုင်ဘက်နဲ့ ကစားခဲ့ရတယ်။ ခင်ဗျားလုပ်တဲ့အမှားတစ်ခုတိုင်းက ကြီးမားတဲ့ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အရမ်းကြီး စိတ်ကျေနပ်နေတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပဲွဲစဉ်ကတော့ ကျွန်တော့်အတွက် လုံးဝအဆင်ပြေပါတယ်”လို့ BT Sport ကို ပြောကြားခဲ့ပါတယ်။
Share