အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ဘေးလ်ရဲ့အခြေအနေကို နည်းပြဇီဒန်းက ထုတ်ပြောခဲ့တာဖြစ်ပြီး မကြာခင် ဘေးလ်ရဲ့ အနာဂတ်ကို အတိအကျ သိရတော့မှာလည်း ဖြစ်ပါတယ်။
တောင်ပံ ကစားသမား ဂါရတ်ဘေးလ်အနေနဲ့ အသင်းကထွက်ခွာရဖို့ အလွန်နီးစပ်နေပြီးလို့ ရီးရဲ နည်းပြဇီဒန်းက တရားဝင် ထုတ်ဖော်ပြောလာခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ အသက် ၃၀ အရွယ် ဝေးလ်လက်ရွေးစင်အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ICC 2019 ပြိုင်ပွဲမှာ အသင်းနဲ့ ပါဝင်ခွင့်မရခဲ့ပါဘူး။
ပွဲအပြီးမှာတော့ - “ သူမကြာခင် အသင်းကထွက်တော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒါက အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ သူ အသင်းသစ်ပြောင်းနိုင်ဖို့ ဝိုင်းဝန်းလုပ်ဆေင်နေပါတယ်။” လို့ ဇီဒန်းက ပြောခဲ့တယ်လို့ သိရပါတယ်။
ရီးရဲမှာ သုံးနှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ ချန်ပီ ယံလိဂ် ဆုဖလား၄ ကြိမ်ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး လက်ရှိမှာ တော့မန်ယူ၊ဘိုင်ယန်မြူးနစ်၊အသင်းဟောင်း စပါးအပါအဝင် တရုတ်စူပါလိဂ်တို့မှ ကလပ်အသင်း အချို့က ဘေးလ်ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
“ ဘေးလ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေကို ကျွန်တော်မပြောချင်ပါဘူး၊ဒါပေမယ့် ပြီးဆုံးဖို့ တောာ့ အလွန်နီးစပ်နေပါပြီ၊။” လို့ ဇီဒန်းက ဆက်လက်ပြောခဲ့ပါသေးတယ်။
ဘေးလ်ကတော့ ဒဏ်ရာတွေ မကြာခဏဆိုသလို ရရှိနေခဲ့လို့ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း ရီးရဲအတွက် လာလီ ဂါ ၇၉ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့ကာ မနှစ်က ရာသီမှာတော့ စုစုပေါင်း ၄၂ ပွဲသာ ကစားပေးနိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။ အဲ့ဒီ ၄၂ ပွဲမှာတော့ တစ်ဝက်လောက်က အရန်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။