လေကြောင်းလိုင်းရဲ့ သံတမန်ဖြစ်လာတဲ့ စိုင်းစိုင်းကတော့ ပရိသတ်တွေနဲ့အတူ ခရီးသွားတွေ သွားဖို့တောင် စိတ်ကူးယဉ်လို့နေပါတယ်။ စိုင်းစိုင်းကတော့ နိုင်ငံကျော် Brand (၇)ခုရဲ့ Brand Ambassador တစ်ဦး ဖြစ်လာခဲ့ပါပြိ။
Photo : RBV
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံ လေကြောင်းနှစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း MAI နဲ့ Air KBZ တို့ရဲ့ သံတမန်အဖြစ် ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။
“၂၆ နှစ်ပြည့် MAI ကို Happy Birthday လို့ နှုတ်ခွန်းဆက်သပါတယ်။ကျွန်တော် ဒီနေ့ကစပြီး MAI မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း နဲ့ Air KBZ ကမ္ဘောဇလေကြောင်း နှစ်ခုလုံးရဲ့ သံတမန်အဖြစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။ကျွန်တော့်တာဝန်က ဒီလေကြောင်းလိုင်း ၂ ခုရဲ့ ဂုဏ်သတင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ခရီသည်များနဲ့ ပေါင်းကူးပေးဖို့ပါပဲ MAI နဲ့ Air KBZ နောင်နှစ်ပေါင်းများစွာ ခရီးမိုင်ပေါင်းများစွာ ပျံသန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဆိုပြီး သြဂုတ်လ(၂၄) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : RBV
လေကြောင်းလိုင်းနှစ်ခုရဲ့ သံတမန်ဖြစ်လာတဲ့ စိုင်းစိုင်းကတော့ ပရိသတ်တွေနဲ့အတူ လေယာဉ်ကြီးစီးပြီး ခရီးသွားဖို့တောင် စိတ်ကူးတွေ ယဉ်လို့နေပါပြီ။
“လေကြောင်းလိုင်းရဲ့ သံတမန်ဖြစ်လာပြီဆိုတော့ ပရိသတ်တွေတင်ပြီး ပုဂံနေ့ချင်းပြန် ဘုရားဖူးပဲသွားရင်ကောင်းမလား စိတ်ကူးယဉ်နေမိတော့တယ်” ဆိုပြီး ပြောထားပါသေးတယ်။
Photo : RBV
စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။
Photo : RBV
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share